လာမယ့် MyanmarIdol ပြိုင်ပွဲမှာ ဒိုင်ဖြစ်တဲ့ ၀ါရင့်အဆိုတော်ကြီး မြန်မာပြည်သိန်းတန်က မနောသီချင်းတွေနဲ့ယှဉ်ပြိုင်ခွင့်မပေးဘူးဆိုတဲ့ ကောလဟာလသတင်းတွေ ဟာ လူမှုကွန်ရက်မှာ ဂယက်ထလို့နေပါတယ်။

အဲ့ဒီကောလဟာလတွေနဲ့ပတ်သက်ပြီး အန်ကယ်ဦးသိန်တန်အပေါ် ဝေဖန်သူတွေရှိနေတာကြောင့် အဆိုတော်မနောဟာ ဒီသတင်းမဟုတ်မှန်ကြောင်းကို ဖြေရှင်းလိုက်ပါပြီ။

ယှဉ်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ ဂယက်နဲ့ပတ်သက်ပြီး အဆိုတော်မနောကိုယ်တိုင်က သူ့ရဲ့ ခံစားချက်ကို လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ရှင်းရှင်းလင်းလင်းပြောလာပါတယ်။

“မင်္ဂလာပါ ဟိုနေ့က Post တစ်ခုနဲ့ပတ်သက်ပြီးနဲနဲပြောစရာလေးတော့ရှိတယ်ဗျာ ဦးသိန်းတန် ဆိုတာ ကျနော်လေးစားတဲ့အနုပညာရှင်ကြီးပါ ခုလည်းလေးစားလျက်ပါပဲ အဲဒီpost က ဦးပြောတာလုံးဝမဖြစ်နိုင်ပါဘူး တကယ်ပြောခဲ့ရင်တောင်မှ စိတ်မဆိုးနိုင်ပါဘူး ကျနော့်ရဲ့ မြင်ဆရာကြားဆရာမို့ပါ အနုပညာသမားများကိုမှီပြီး စီးပွားရှာသူများသိထားသင့်တဲ့တစ်ချက်တော့ရှိပါတယ် မိမိ စီးပွားရေး မိမိအစီအစဉ်အောင်မြင်ဘို့ အနုပညာကိုရိုးသားစွာလျှောက်လှမ်းနေတဲ့လူနှစ်ဦးကိုအသုံးချပြီး စတေးလိုက်ရင်တော့ သိပ်ညံ့ဖျင်းရာကျပါတယ် ခုကိစ္စကသာမန်မဟုပ်ပါ စီးပွားရေးမားကပ်ကိုကျွမ်းကျင်သူတစ်ဦးလုပ်တာဖြစ်ပါတယ် မလုပ်သင့်မလုပ်အပ်ပါဘူး ကျနော်*မနောက နယ်မှာမွေး နယ်မှာကြီးတဲ့တောသားသိပ်နားမလည်သူမို့ ကျနော့်ကိုမှရွေးပြီးအသုံးချတာမျိုးမလုပ်ပါနဲ့ဗျာ ကိုယ်ချင်းစာတရားလေးရှိမယ်ဆိုလျင် Fb အွန်လိုင်းလောကကြီး အကျည်းမတန်တော့ဘူးပေါ့ဗျာ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ”” ဆိုပြီး ရေးသားထားပါတယ်။

ဗိုလ်အောင်ဒင်သီချင်းနဲ့ ပရိသတ်အားပေးမှုပိုရလာတဲ့ မနောဟာ ကျေးလက်သီချင်းလေးတွေနဲ့ အချစ်သီချင်းလေးတွေကို လူကြိုက်များအောင် သီဆိုနိုင်တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။

အလှုအတန်းပွဲလမ်းသဘင်တိုင်းမှာ မပါမဖြစ်တဲ့ မနော ရဲ့ တေးသီချင်းတွေကြောင့် မနောဟာ လက်ရှိမြန်မာပြည်မှာ ပရိသတ်အခိုင်အမာရရှိနေတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။

မနောအနေနဲ့ သူအခုလို သတင်းတွေထွက်ပေါ်နေတဲ့အပေါ် အန်ကယ်ဟာ သူ့အတွက် မြင်ဆရာကြားဆရာ တစ်ယောက်ဖြစ်တယ်လို့လည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖွင့်ပြောလာပါတယ်။ 

ဂီတလောကမှာ အောင်မြင်မှုအဒွန့်ရှည်နေတဲ့ မြန်မာပြည်သိန်းတန်လို စွယ်စုံရတေးသံရှင်တစ်ယောက်ဟာ တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂီတသမားတစ်ယောက်ဖြစ်ပါတယ်။

စိတ်သဘောထားကောင်းတဲ့မနောဟာ စီနီယာဖြစ်တဲ့ နိုင်ငံကျော်တေးသံရှင်ကြီး မြန်မာပြည်သိန်းတန်အပေါ် လေးစားကြည်ညှိုမှုတွေအတိုင်းသားမြင်ရပါတယ်။  

Source : Manaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။