သရုပ်ဆောင်ယုသန္တာတင်တစ်ယောက် မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးအရံအဖြစ်နဲ့ အလှပဆုံးအနေအထားနဲ့ အကြွေစင်ပုံရိပ်တွေကို ရိုက်ကူးထားပါတယ်။ မြန်မာဆန်တဲ့သူမရဲ့ ကျက်သရေရှိရှိလှပနေ တဲ့ပုံရိပ်တွေက ပရိတ်သတ်တွေကို အများကြီးဖမ်းစားနိုင်ခဲ့ပါ တယ်။ မြန်မာဆန်တဲ့ သူမရဲ့ပုံစံလေးက တကယ့်ကိုကျက်သရေရှိလှပါတယ် ပရိတ်သတ် ကြီးရေ။ သူမဟာ ရုပ်ရှင်ကားပေါင်း များစွာကို ရိုက်ကူးခဲ့ပြီးပရိတ်သတ်အားပေးလက်ခံတဲ့ အနုပညာရှင် မင်းသမီးတစ်ယောက် အဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဇာတ်ကားတွေ ဆက်တိုက်ရိုက် ကူးနေရပြီး အောင်မြင်တဲ့ပရိတ်သတ်အချစ်တော်မင်းသမီးလေးပဲ ဖြစ်ပါတယ်။

ကျက်သရေရှိလှတဲ့ သူမရဲ့အလှက မြန်မာဝတ်စုံလေးနဲ့ ပိုမိုလိုက်ဖက်တင့်တယ်လွန်းနေပါ တယ်။ သူမရဲ့ အနုပညာခရီးလမ်းရဲ့အစဟာ အဆိုတော်ရဲလေးရဲ့ သီချင်း MTV မှာ စတင် ပါဝင်ခဲ့ခြင်းက ဖြစ်ပါတယ်။ သူမရဲ့အလှနဲ့ ချစ်စရာကောင်းမှုကြောင့် ပရိတ်သတ်တွေက သတိထားမိလာပြီး လက်ရှိမှာတော့ အောင်မြင်တဲ့အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်နေ ပြီပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေး တွေကြောင့် ပရိတ်သတ်တွေကလည်း ချစ်ခင်အားပေးလာတာ အချိန်ကြာခဲ့ပြီပဲဖြစ်ပါတယ်။

သူမရဲ့ Facebook မှာ " သူငယ်ချင်းတွေ မိတ်ဆွေ တွေ မင်္ဂလာဆောင်ရင် ပျော်တာ ပျော် တာ ကိုယ့်ပွဲလိုပဲ " ဆိုပြီး သူမရဲ့ သတို့သမီးအရံအြဖ် ကူညီပေးတဲ့ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးလေး ယုသန္တာတင်နဲ့အတူ သူမရဲ့ မင်္ဂလာ ပွဲက သတို့သမီးအရံအဖြစ် ကူညီပေးခဲ့တဲ့ မြန်မာဆန်တဲ့အလှအပ တွေကို ပရိတ်သတ်ကြီး ကြည့်ရှုခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဘယ်လိုတွေတောင် ကျက်သရေ ရှိနေလဲဆိုတာတော့ ပုံလေးတွေက သက်သေပါပဲ ပရိတ်သတ်ကြီးရေ။

Photo – Yu Thandar Tin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။