ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှ ၁၂ နာရီ အထိ မြောက်ဥက္က လာပဆေးရုံတွင် ရင်ခွဲစစ်ဆေးပြီး နောက် မိသားစုဝင်များကို အလောင်းကြည့်ရှုခွင့် ပေးခဲ့ကြောင်း သေဆုံးသူနှင့် တစ်အိမ် တည်းနေထိုင်သူအစ်ကိုဝမ်းကွဲက ပြောပြခဲ့ပါတယ်။ ‘‘အလောင်းကိုတော့ မထိ ခိုင်းဘူး။ မိန်းမအင်္ဂါနဲ့ နောက်စအိုဘက်တွေကို ထိုးသွင်းထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ခုလို ရက်ရက်စက်စက် ဘာကြောင့် သတ်ရတာလဲဆိုတာတော့ မသိရ သေးဘူး။ ရဲတပ်ဖွဲ့ကတော့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောတယ်’’ ဟု ၎င်းကပြောပြခဲ့ပါတယ်။ အမှုနှင့် ပတ်သက်၍ မသင်္ကာသူအချို့ကို ခေါ်ယူစစ် ဆေးနေပြီး ဆေးစစ်ချက်များကို ရန်ကုန်အင်းစိန် (CID) ရဲဌာနသို့ ပို့ဆောင်ထားကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

သေဆုံးသူ အမျိုးသမီးအ လောင်းကို ဇန်နဝါရီ ၂၃ ရက် (ယနေ့) ညနေ ၅ နာရီတွင် ရေဝေး သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပြီး အမှုကို မြောက်ဒဂုံရဲစခန်းက လူသတ်မှု၊ မုဒိမ်းမှုဖြင့် အမှုဖွင့်ကာ တရားခံကို ရှာဖွေနေကြောင်းသိရပါတယ်။ သေဆုံးသူ (၂၅) နှစ်အရွယ် အမျိုးသမီးသည် လည်ပင်းညိုမည်း၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အောက်ပိုင်းအ ဝတ်မပါဘဲ သေဆုံးနေခြင်းဖြစ် ပါတယ်။‘‘အိမ်ကထွက်သွားတဲ့နေ့က ဝတ်သွားတာက အလောင်းမှာ တွေ့ရတဲ့ အကျႌနဲ့စကတ်အမည်း ပါ။ ရွှေဆွဲကြိုး၊ နားကပ်နဲ့ခြေထောက်မှာ ဖုချိန်းဝတ်ထား တယ်။ အဲဒါတွေပျောက်နေတယ်။ ပိုက်ဆံအိတ်ထဲမှာတော့ ငွေဘယ်လောက်ပါသွားလဲတော့ မသိဘူး။ လက်ကိုင်ဖုန်းနဲ့ မျက်မှန်လည်း ပျောက်နေပါတယ်’’ ဟု မိသားစု ဝင်တစ်ဦးက ပြောပြခဲ့ပါတယ်။

‘‘အခုထိတော့ သူ့အမှုကစစ် နေတုန်းပါပဲ။ စစ်နေတုန်းဆိုတာကတော့ စုံစမ်းဆဲပဲ။ အခုကိုယ့်ဝန် ထမ်းလည်းဖြစ်တယ်။ ဌာန အတွက်ကြောင့်မို့ လုပ်ကြံတာလိုလို၊ ဘာလိုလို သတင်းတွေက လျှောက်ပြီး ပလူတွေပျံနေတာ လေ။ အခုထိတော့ ဘာမှမသိရ သေးဘူး။ မုဒိမ်း၊ လူသတ်မှုလေ။ မုဒိမ်းကျင့်ပြီးမှ သတ်ထားတာ။ သတ်ပြီးတော့မှ အဲဒီဘက်ကို သွားပစ်တာပေါ့’’ ဟု နေပြည်တော်အ စားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာနမှ (FDA) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်း လင်းအောင်က ပြောကြားခဲ့ပါတယ်။ အဆိုပါလူသတ်မှုသည် တစ်ဦးတည်း မဟုတ်ဘဲ အဖွဲ့လိုက် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သေးပါတယ်။ ‘‘သူက မာနကြီးပြီး အရမ်း စွာတဲ့ အထဲတော့ မပါဘူး။ အေး အေးဆေးဆေးသမားပဲ။ သဘော လည်းကောင်းတယ်။ ပေါင်းသင်းဆက်ဆံရေးရော အထက်၊ အောက် လူကြီးတွေအပေါ်မှာ ရော ရိုရိုကျိုးကျိုးရှိတယ်။ နာမည် ဆိုးမရှိတဲ့ဝန်ထမ်းပါ။ အဲဒီလိုဝန် ထမ်းကိုမှ အခုလိုဖြစ်တယ်ဆို တော့ စိတ်မကောင်းဖြစ်ရပါ တယ်’’ ဟု ဒေါက်တာထွန်းလင်း အောင်က ပြောပြလာခဲ့ပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။