နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အိချောပိုတစ်ယောက် သူမရဲ့အလန်းစားပုံရိပ်ကို ပရိတ်သတ်တွေဆီ မျှဝေလိုုက်ပါတယ် ပရိတ်သတ်ကြီးရေ။ ခန္ဓာကိုယ်ကောက်ကြောင်း လှပလွန်းတဲ့ သူမကို ယောကျာ်းလေးပရိတ်သတ်တွေက အများစုအားပေးဝန်းရံခဲ့ကြပြီး မိန်းကလေးပရိတ်သတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ မှာတော့ သူမက ဘားအံမြို့မှာ " ဟောက်စား " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မင်းသား ကျော်ကျော်ဗိုနဲ့တွဲဖက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဟာသဇာတ်ကားလေးဖြစ်ပြီး ပရိတ်သတ်တွေ တဝါးဝါးတဟားဟားပွဲကျသွားမယ့် ရသတွေ အပြည့်အဝရမှာ သေချာပါ တယ်။ ဝါရင့်ဟာသ သရုပ်ဆောင်များဖြစ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံ၊ ခင်လှိုင် စတဲ့ နာမည်ကျော်တွေပါဝင်တာဆိုတော့ ရယ်ဖို့အပိုင်းကတော့ ပြောစရာမလိုတော့ပါဘူးနော် ပရိတ်သတ်ကြီး။

လက်ရှိမှာရုံတင်နေတဲ့ " သုံးရောင်ခြယ် " ဆိုတဲ့ ဇာတ်ကားမှာလည်း အိချောပိုက ပါဝင် သရုပ်ဆောင်ထားပြီး တကယ့်ကိုပီပြင်ပိုင်နိုင်စွာနဲ့ အမိုက်စားသရုပ်ဆောင်ထားတာပဲ ဖြစ်ပါ တယ်။ ပရိတ်သတ်တွေအရမ်းကို သဘောကျအားပေးတဲ့ Drama ဇာတ်ကားကောင်း တစ်ခုဖြစ်ပြီး အားပေးတဲ့ ပရိတ်သတ်တွေကလည်း တခဲနက်ရုံးပြည့်ရုံလှျှံအားပေးကြတာပဲ ဖြစ်ပါတယ်။ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းတရားတွေကို ပုံဖော် ရိုက်ကူးထားတာမို့လို့ လက်တွေ့ဘဝကို ထင်ဟပ်စေတဲ့ အမိုက်စားသရုပ်ဆောင်ချက် တွေကို ပီပီပြင်ပြင် တွေ့ရမှာဖြစ်ပြီး သူမရဲ့ပရိတ်သတ်တွေကတော့ သူမကို ဒီဇာတ်ကားနဲ့ အကယ်ဒမီရစေချင်နေကြပါတယ်။

လက်ရှိမှာတော့ သူမရဲ့အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းပုံရိပ်လေးနဲ့အတူ " ကိုယ် ဝိတ်ချနေတယ်ဆိုတာ လှချင်လို့ပါ ကိုယ်အလှပြင်တယ်ဆိုတာ ယူ့အတွက်ပါယူရယ် " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ စူစူ့မှာ ချစ်ရမယ့်သူရှိနေပြီလားဆိုတာတော့ လက်ရှိထိ သေချာအတိအကျမသိရသေးပါဘူး ပရိတ်သတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ စူစူရဲ့ အလန်း စား Body Shape ကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Ei Chaw Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။