နေနေ စုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေတို့ကတော့ ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီတွေပဲဖြစ်ပါတယ်..။

သူတို့နှစ်ဦးကတော့ MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “အမုန်းမှသည်” ဇာတ်ကားမှာ စိုင်းနေရောင်နဲ့ နေချိုသွေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်..။

“အမုန်းမှသည်” ဇာတ်ကားမှာ သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေကလည်း နေနေစုံတွဲလို့ ချစ်စနိုးခေါ်ကြတာလည်း တွေ့ရပါတယ်..။

သူတို့နှစ်ဦးကတော့ “အမုန်းမှသည်” ဇာတ်ကား ပြီးဆုံးသွားပေမယ့်လည်း အနုပညာလုပ်ငန်းတွေ အတူ ရိုက်ကူးလုပ်ဆောင်နေတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာလည်း ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ သတို့သား သတို့သမီးအသွင်နဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်..။

သတို့သား သတို့သမီးအဖြစ် ဓာတ်ပုံလေးတွေ ရိုက်ကူးပေးခဲ့တဲ့အကြောင်းကို မင်းသမီးချောလေး ဆောင်းဝတ်ရည်မေက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“ပရိတ်သတ်တွေ ချစ်ကြတဲ့ Nay Nay Couple ကို ပိုချစ်ဖို့ကောင်းအောင်ရိုက်ထားပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို SHANE ရေ..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့အကြောင်းလေးတွေကို ပရိသတ်တွေကလည်း Comment များပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချော ဆောင်ဝတ်ရည်မေ ကတော့ “ အမုန်းမှသည်” ဇာတ်ကားမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အ၀ အခိုင်အမာရရှိပိုင်ဆိုင်ထားကြပြီး အနုပညာလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေကာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ဆောင်းဝတ်ရည်မေ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။