နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် သူမရဲ့ Facebook မှာ မြန်မာ ဆန်တဲ့သူမရဲ့ပုံရိပ်လေးတွေကို အမြဲလိုလိုတင်တတ်ပြီး မှတ်သားဖွယ် ဒဿနလေးတွေကို လည်း ပေးတတ်ပါသေးတယ်။ အသက်သုံးဆယ်ကျော်အရွယ်မှ အနုပညာလောက ထဲ ပြန်လည်ဝင်ရောက် ခဲ့ပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတစ်ခုနဲ့ ပရိတ်သတ်တွေရဲ့ စိတ်နှလုံးကို အပြည့်အဝဖမ်းစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကျက်သရေရှိလှတဲ့ အလှ တရားတစ်ခုကိုပိုင်ဆိုင်ထားသူမို့ သူမရဲ့ အနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တဲ့ခရီးမှာ ပရိတ်သတ်တွေကလည်း အပြည့်အဝအားပေး ကြိုဆိုခဲ့ကြပါတယ်။

သူမရဲ့အမဖြစ်သူ နှင်းဝတ်ရည်သောင်းတစ်ယောက်ကတော့ အင်္ဂလန်နိုင်ငံမှာ ရုံးဝန် ထမ်း အဖြစ် အခြေချလုပ်ကိုင်ရင်း ဘဝကိုအေးအေးလူလူအဆင်ပြေပြေနဲ့ ဖြတ်သန်းနေပြီပဲ ဖြစ်ပါ တယ်။ ချစ်စရာကောင်းလွန်းတဲ့ ညီမနှစ်ယောက်က အနုပညာလောကထဲကို ဝင် ရောက်ခဲ့ပြီး ခေတ္တပြန်လည်ပျောက်ကွယ်သွားပြီးနောက် ညီမဖြစ်သူ အေးဝတ်ရည် သောင်းတစ်ယောက် မအေးသောင်းအဖြစ်နဲ့ ပရိတ်သတ်တွေစီကို တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတစ်ခုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ညိုချောလေးမအေးသောင်းတစ်ယောက် ညိုပြာညက်လေးတွေဖက်ကရပ်တည်တဲ့ ကဗျာ ဆန်ဆန်စာလေးကို ရေးလိုက်ပြန်ပါပြီ။ သူမရဲ့ Facebook မှာ မြန်မာဆန်တဲ့ ပုံရိပ်လေးတွေ နဲ့အတူ “ အသားမဲတယ် ညိုတယ်ပြောကြတယ်။ တကယ်ကသိပ်ကောင်းတာ တော်ကြာ အသားဖြူတယ်ထင်နေတဲ့သူတို့က အပြင်မှာတွေ့လို့ သူတို့ထင်ထားသလောက်ဖြူမနေရင် ခက်ရချည်သေး။ သူတို့မျှော်လင့်ထားတဲ့ အဖြူက ဘယ်လောက်အထိ မျှော်လင့်ထားလည်း ကိုယ်ကမသိ။ နဂိုတည်းက မဲမဲထင်လေကောင်းလေပဲ။ ပုံ / ညိုသောင်း ” ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။ ဘယ်အချိန်ကြည့်ကြည့် ပြီးပြည့်စုံတဲ့အလှတရားနဲ့ ပရိတ်သတ်တွေကိုဆွဲဆောင်နိုင်သူလေး မအေးသောင်းရဲ့ စိတ်ကြည်နူးဖွယ် ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။