ပြီးခဲ့တဲ့ကွာလာလမ်ပူဆီးဂိမ်းမှာရွှေတံဆိပ်ဆုရယူပေးခဲ့တဲ့

နိုင်ငံဂုဏ်ဆောင်ဝူရှုးအားကစားမယ်မြတ်သက်စုဝေဖြိုးဟာ

နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝကနေအနားယူသွားခဲ့

ပါပြီ။မြတ်သက်စုဝေဖြိုးဟာဆီးဂိမ်​းပြိုင်​ပွဲမတိုင်​မီကတည်​းက

က ဒဏ်​ရာပြသနာနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

မြတ်သက်စုဝေဖြိုးဟာမလေးရှားဆီးဂိမ်းမှာမြန်မာပြည်အတွက်ရွှေတံဆိပ်ဆုရယူပေးနိုင်ခဲ့တဲ့အနည်းငယ်သောကစားသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။

မြတ်သက်စုဝေဖြိုးဟာအဆိုပါရွှေတံဆိပ်ဆုကိုတစ်နိုင်ငံတည်း

သားပြိုင်ဘက်စန္ဒီဦးကိုကျော်ဖြတ်ပြီးရယူခဲ့တာပါ။စန္ဒီဦး

ဟာမလေးရှားဆီးဂိမ်းမတိုင်ခင်စင်ကာပူဆီဂိမ်းမှာရွှေတံဆိပ်

ရယူနိုင်ခဲ့သူပါ။မလေးရှားဆီးဂိမ်းမတိုင်ခင်ကစန္ဒီဦးက

ရွှေရဖို့တစ်ပြေးခဲ့ပေမယ့်တကယ့်ပြိုင်ပွဲကျတော့မြတ်သက်စု

ဝေဖြိုးကရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့တာပါ။အောင်မြင်မှု

အထွတ်အထိပ်ကိုရောက်နေပေမယ့်သူမဟာဒဏ်ရာကြောင့်

ကစားသမားဘဝကနေအနားယူခဲ့တာပါ။ဒီမတိုင်ခင်ကတော့

သူမဟာမြန်မာအသင်းအတွက်အာရှပြိုင်ပွဲဝင်ပြိုင်ဖို့ရည်မှန်း

ထားခဲ့တာပါ။

မြတ်သက်စုဝေဖြိုးအနားယူသွားတဲ့ဖိလစ်ပိုင်ဆီးဂိမ်း၊

အာရှဝူရှုးပြိုင်ပွဲတို့ကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့မြန်မာ့

လက်ရွေးစင်ဝူရှုးအသင်းအတွက်တော့အားလျော့သွား

ရပါတယ်။မြတ်သက်စုဝေဖြိုးအနားယူသွားပေမယ့်

နာမည်ကြီးဝူရှုးမယ်စန္ဒီဦးကတော့အနားမယူသေးပါဘူး။

မြတ်သက်စုဝေဖြိုးအနားယူသွားတဲ့အကြောင်းကို

"ဆီးဂိမ်​း ​ရွှေတံဆိပ်​ဆုရှင်​​တွေထဲက မြတ်​သက်​စု​ဝေဖြိုးက

ကစားသမားဘဝက​နေ အနားယူသွားပါပြီ ကျန်​တဲ့သူ​တွေ

က ဆက်​ကစားမှာပါ " ဟု ဝူရှုးအဖွဲ့ချုပ်​ အတွင်​း​ရေးမှုး ဦး

ခွန်​ဂျာ​အောင်​ ​ကအတည်ပြုခဲ့ပါတယ်။နိုင်ငံဂုဏ်ဆောင်

ပေးခဲ့တဲ့ဝူရှုးမယ်လေးရေGood Byeပါ....

Source -MWF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။