မနေ့က လူမှုစာမျက်နှာထက်မှာတော့ ပရိသတ်အချစ်တော် မင်းသား မင်းသမီးတွေရဲ့ မင်္ဂလာပွဲတစ်ခုက ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား ပျံ့နှံ့ခဲ့ပါသေးတယ်။ ချစ်ရတဲ့ အနုပညာရှင်တွေကတော့ ထိုမင်္ဂလာပွဲတစ်ခုမှာ သတို့သား သတို့သမီးအရံအဖြစ် ပါဝင်ခဲ့ကြသလို ပန်းကြဲ ဗန်းကိုင်တွေအဖြစ်လည်း ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီထဲမှာ ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ ခေး သွန်းဆက် ယုသန္တာတင် နဲ့ သန္တာဗိုလ်တို့ အဖွဲ့လည်းပါဝင်ခဲ့ကြပါတယ်။

လေးဦးလုံးဟာ အနုပညာလောကမှာ ပရိသတ်ကိုယ်စီနဲ့ နေရာရရှိထားကြသူတွေ ဖြစ်ကြပါတယ်။ ဒီပွဲမှာတော့ ခင်ဝင့်ဝါ သွန်းဆက် သန္တာဗိုလ်တို့ကတော့ ပန်းကြဲ ဗန်းကိုင်အနေနဲ့ ပါဝင်ခဲ့ကြတာဖြစ်ပြီး မင်းသမီး ယုသန္တာတင်ကတော့ မင်းသား ညီထွဋ်ခေါင်နဲ့အတူ သတို့သမီးအရံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပရိသတ်အချစ်တော် သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွံဟာလည်း သတို့သား သတို့သမီးအရံ အဖြစ်ပါဝင် ခဲ့ကြပါတယ်။ 

သွန်းဆက်ကတော့ သူမရဲ့ လူမှုစာမျက်နှာမှာ အနုပညာ ညီအမတွေနဲ့ အတူရိုက်ကူးထားတဲ့ selfie ဓာတ်ပုံတွေကို ယခုလို ရေးသားတင်ထားတာ တွေ့ရပါတယ်။ "ခလိန်းတို့ ဂလု ကဂျား ကြသည်ပေါ့" ဆိုပြီး အပြတ်အသတ် pose တွေပေးထားတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပြီး ပရိသတ်တွေကတော့ ချစ်ရာကောင်းအောင် comment လေးတွေ ပေးထားကြပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ သူတို့ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.....

Source: Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။