"Melody World” ရဲ့ first runner up ဆုရှင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ နာမည်ကြီး ထိပ်တန်းအဆိုတော် တစ်ဦးအဖြစ် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိနေသူကတော့ အဆိုတော် ချမ်းချမ်း ဖြစ်ပါတယ်။ မနေ့ကတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေးရဲ့ မွေးနေ့ဖြစ်ပြီး သူမကတော့ ဂေါ်ရင်ဂျီကျွန်းကို အပန်းဖြေရောက်ရှိနေတယ်လို့ သိရပါတယ်။ သမီးလေးကတော့ ဖခင်နဲ့အတူ မွေးနေ့ကျင်းပနေကြောင်းကို သူ့ရဲ့ လူမှုစာမျက်နှာမှာ တင်ထားပါတယ်။

"ဂေါ်ရင်ဂျီကျွန်းမှာအပန်းဖြေတဲ့ပုံလေးတွေပါ

ကျွန်းမှာဒီနေ့ဧည့်သည်ဆိုလို့ကိုယ်တွေသားအဖပဲရှိတယ်

၂လတိတိ လေ့ကျင့်ခန်းလုပ် ခါးလေ့ကျင့်ခန်းလုပ်

ဝမ်းဗိုက်အတွက် ဘယ်လီတနေ့အခါ ၄ဝဝရိုက်

ညစာရှောင်ပီးသကာလ အခုလို mommy universe လုပ်ကြည့်တာပေါ့ကွယ် သမီးလေးမွေးနေ့မှာကိုယ်က ကမ်းခြေရောက်

သမီးလေးကခရီးပန်းမှာစိုးလို့နေခဲ့ပီးသူ့အဖေနဲ့မွေးနေ့ကျင်းပမယ်ဆိုလေရဲ့

ဘယ်သူမှမရှိတုန်းပုံတွေ ရိုက်ခဲ့တယ်

ပင်ပန်းသမျှတွေ အမောတေလဲပြေ

ဂေါ်ရင်ဂျီရယ် မင်းသိပ်လှနိုင်လွန်းတယ်

ကလေးအမေဆိုပေမဲ့ တတ်နိုင်သမျှကျန်းမာအောင်နေလို့ အလုပ်တေလဲလုပ်နိုင်တယ် ကိုယ့်ကိုယ်ကိုလဲယုံကြည်မှုတေရှိလာတယ်" ဆိုပြီး သူမက ရေးသားထားတာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် သမီးလေးမွေးနေ့အတွက် ယခုလိုလည်း ဆုမွန်တောင်းပေးထားတာ တွေ့ရပါတယ်။ "မွေးနေ့မှာမေမေ့သမီးလေးအရမ်းလှနေတယ်ကွယ်

မေမေလက်ဆောင်ဝယ်ပေးတဲ့ဂါဝန်အနီလေးကိုဝတ်ပေးလို့ကျေးဇူးပါသမီးရေ။

သမီးလေးကတော့အမေ့ရဲ့ princess လေး ပါပဲ။ထာဝရပျော်ရွှင်ပြီးလိုတိုင်းတရနိုင်ပ့ါစေကွယ်

i love u baby. လေးနှစ်မှသည်နှစ်ပေါင်းရာချီအောင် ပျော်ရွှင်ကျန်းမာပါစေကွယ်

အဝေးရောက်မေမေကဆုတောင်းပေးပါတယ်" ဆိုပြီး ဆုတောင်း ပေးထားပါတယ် ပရိသတ်ကြီးရေ....

Source: Chan Mya Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။