မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်စီးတီးအသင်းက အဝေးကွင်းမှာ ဘရစ္စတိုးအသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ပထမအကျော့မှာ တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ်ဖြစ်တဲ့ ၅ ဂိုး ၃ ဂိုး နဲ့ ဗိုလ်လုပွဲကို တတ်ရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ဆီးမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့တဲ့ ဘရစ္စတိုးအသင်းကိုတော့ ချီးကျူးရမှာလည်းဖြစ်ပါတယ်။

ဘရစ္စတိုးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ရိဒ်၊ ဘာယန်၊ ပက်၊ ဘရောင်းဟေး၊ ဝါလက်၊ ပီတာဆန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာနေး၊ အဂူရို၊ ဘာနန်ဒိုဆေးဗာလ်း၊ ဒေးဗစ်ဆေးဗာလ်း၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်း တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ဗိုလ်လုပွဲမှာ ချဲလ်ဆီး နဲ့ အာဆင်နယ် အသင်းပွဲမှာ အနိုင်ရရှိတဲ့ အသင်းနဲ့ တွေ့ဆုံရမှာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ဆာနေးက ၄၃ မိနစ်မှာ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၄၉ မိနစ်မှာတော့ အဂုရိုက မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။၆၄ မိနစ်မှာတော့ ပက် က ဘရစ္စတိုးအသင်းအတွက် ချေပဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။(၉၀+၄)မိနစ်မှာတော့ ဖလစ်က ဘရစ္စတိုးအသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကိုတော့ (၉၀+၆)မိနစ်မှာ ဒီဘရိုင်းကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။