သားချောနှစ်ယောက်ရဲ့ အဖေဖြစ်တဲ့ အာဇာနည်ရဲ့သားနှစ်ယောက်ကို ပရိသတ်များ ချစ်ကြမယ် ထင်ပါတယ်။ သားအကြီးကို ဖစ်ဖစ်တုန်လို့ နာမည်ပေးခဲ့ပြီး သားငယ်လေးကို ချစ်ချစ်တုန် ဟူ၍လည်း နာမည်ပေးထားကြောင်း သိရပါတယ်။ လက်ရှိတေးသီချင်းတွေပြန်လည် သီဆိုနေတဲ့ အာဇာနည်ကတော့ လက်တလော မိသားစုအတွက်အချိန်ပေးနေကြောင်း သိရပါတယ်။ 

ဒီကနေ့ မနက်ကျောင်းသွား နောက်ကျရသည့် သားကြီး ဖစ်ဖစ်တုန်ကို ဖခင်ဖြစ်သူက ကျောင်းလိုက်ပို့နေတာ တွေ့ရပါတယ်။ ဘာကြောင့် ကျောင်းနောက်ကျသည် ကိုလည်း တေးသံရှင် အာဇာနည်ရဲ့ အကောင့် တွင်ဖော်ပြထားတာတွေ့ရပါတယ်။ အာဇာနည်တင်ထားတာကတော့ " ဒီနေ့တော့ကျောင်းနဲနဲနောက်ကျပြီဆရာညကကလိနေတာအိပ်ယာထနောက်ကျ" ဟူ၍ ညက ညီငယ်ချစ်ချစ်တုန်လေးကို ဂရုစိုက်နေကြောင်း သိရပါတယ်။ 

အာဇာနည်ရဲ့ သားကြီးဖြစ်သူ ဖစ်ဖစ်တုန်ကတော့ ညီဖြစ်သူချစ်ချစ်တုန်ကို အရမ်းချစ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်စရာသားနှစ်ယောက်နဲ့ မိသားစု ဘဝလေးကို တည်ဆောက်နေတဲ့ အဆိုတော် အာဇာနည်နဲ့ ဇနီးဖြစ်သူ ဝမ်းစ်တို့ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မနေ့ညက ညီကို ကျီစယ်နေတဲ့ ဖစ်ဖစ်တုန်တစ်ယောက်ကျောင်းနောက်ကျ နေသည်ကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Source - Zarnimyo Nyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။