ယမန်နေ့ဇန်နဝါရီလ ၂၃ ရက် အင်္ဂါနေ့တွင် အနုကြမ်းစီးမှုတစ်ခုဖြစ်ပွာခဲ့ပါတယ်။ထိုအနုကြမ်းစီးခံရ တဲ့နေရာကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေး (၁) A ရုံ နှစ်ထပ်ဆောင်မှာရှိတဲ့ KBZ Mini Bank မှာဖြစ်ပါတယ်။ အနုကြမ်းဝင်စီးသူတွေကတော့ စုစုပေါင်း ၄ ယောက်ရှိတယ်လို့လဲသိရပါတယ်။

ယမန်နေ့က ဘဏ်ပိတ်ချိန်နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်လောက်မှာ ဘဏ်အတွင်းလို့ ထိုလူ ၄ယောက်ကရုတ်တရက်ဝင်ရောက်ခဲ့တာဖြစ်ပြီး အသင့်ယူဆောင်လာသောလက်နက်များဖြင့် ဘဏ်အတွင်းရှိလူများကို ခြိမ်းခြောက်ကာ အနုကြမ်းစီးခဲ့တာဖြစ်ပါတယ်။ ထိုအနုကြမ်းစီးခံရမှုကြောင့် ဘဏ်မှ ငွေကျပ်သိန်း ၉၂၀ ကျော် ပါသွားတယ်လို့သိရပါတယ်။

၎င်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြစ်ကြီးနားမြို့ ၊ အမှတ် ၁ ရဲစခန်းသို့ဥပဒေ နှင့်အညီအမှုဖွင့် တိုင်းကြားထားတယ်လို့သိရပါတယ်။ ရဲဌာန အနေနဲ့လဲ လုယက်သွားသူများကို အလျင်အမြန်ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ကြိုးစာဆောင်ရွက်နေတယ်လို့သိရပါတယ်။ Myanmarload ပရိတ်သတ်ကြီးအတွက် အခုသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - kbz bank

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။