ဒီနေ့အတွက် သနပ်ခါးပါးကွက်ကြားလေးနဲ့ အသည်းယားလောက်အောင် ချစ်ဖို့ကောင်းနေတာကတော့ ပရိသတ်ကြီးချစ်တဲ့ နန်းခင်ပါပဲ။ လှပစွာဖူးပွင့်နေတဲ့ ချယ်ရီပန်းတွေကြားမှာ အပြုံးလှလှလေးတွေချွေကာ ရင်ဖိုအောင်ကိုချစ်ဖို့ ကောင်းနေတာပါ။

အချစ်ရေးအတွက် ကံမကောင်းသူပါလို့ဆိုတဲ့ နန်းခင်တစ်ယောက်က အချစ်စာရေးလေးတွေ ကို မကြာခဏ ရေးသားတက်လာပါတယ်။

တစ်ယောက်တည်းဖြစ်ပြီး အချစ်ရေးအတွက် မစဉ်းစားဖြစ်သေးပါဘူးဆိုတဲ့ သူမက ပရိသတ်ဝေခွဲရခက်တဲ့ စာသားလေးတွေကိုလည်း ကဗျာဆန်ဆန် ရေးသားထား ပါသေးတယ်။

“ ချယ်ရီတွေငိုနေပြီး နန်းရယ်… ဆောင်းနှင်းရဲ့အငြိုးတွေကြောင့်ဖြစ်မယ်…စိုင်းရင်မှာ ငိုနေပြီနန်းရယ်…နန်းလေရဲ့ အမုန်းတွေကြောင့်ဖြစ်မယ်…နန်းအပြုံးနဲ့ ပြန်လာရင်ချော့မယ်..ခုတော့ ခရီးရောက်နေလို့ နားလည်ပေးပါကွယ်” လို့ရေးသားထားတာတွေ့ရပါတယ် ။

မြန်မာနိုင်ငံရဲ့ Miss လောကကိုစတင်ဦးဆောင်နိုင်ခဲ့သူ ပရဟိတလုပ်ငန်းများနဲ့ အမြဲတန်းထိတွေ့နေ သူ ရုပ်ရှင်ကားကြီးများနဲ့ ပရိသတ်နဲ့ အဆက်မပြတ်အောင် ကြိုးစားနေသူကတော့ နန်းခင်ဇေယျာလို့ခေါ်တဲ့ သူမပါပဲ။ ဒါဆိုချယ်ရီပင်တွေကြားမှာ နန်းခင်တစ်ယောက်

သနပ်ခါးပါးကွက်ကြားလေးနဲ့ ဘယ်လိုတွေချစ်ဖို့ကောင်းနေလဲဆိုတာ ပရိသတ်အတွက် စုစည်းပေးလိုက်ရပါတယ်။

Source – Nang Khin Zaqy Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။