Horowitz ကုမ္ပဏီကနေပထမဆုံးထုတ်လုပ်ခဲ့တဲ့ချစ်စဖွယ်စက်ရုပ်ငယ် ကတော့Jerry the Bear ဖြစ်ပါတယ်။အဆိုပါဝက်ဝံစက်ရုပ်ငယ်ကိုကလေး ငယ်များဟာအစာကျွေးနိုင်သလိုသွေးချိုပမာဏလည်းတိုင်းနိုင်ပါတယ်။ အင်ဆူလင်လည်းထိုးပေးနိုင်ပါတယ်။အသက်၈နှစ်အရွယ်ရှိတဲ့Angelo ဆိုတဲ့ကလေးငယ်ကတော့ဝက်ဝံရုပ်နဲ့ဆော့ကစားရတာကိုပျော်ရွှင်နေပြီး၊ Angelo ရဲ့ဖခင်ကလည်းဒီလိုစက်ရုပ်အရုပ်များဟာကလေးငယ်များ အတွက်ကောင်းမွန်ကြောင်းမှတ်ချက်ပြုပါတယ်။အသက်၉နှစ်အရွယ် Matt ရဲ့မိခင်ကတော့ကလေးငယ်များအနေနဲ့ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသိရှိသွားနိုင်ပါတယ်လို့မှတ်ချက်ပြုပါတယ်။Jerry the Bear အရုပ်ဟာအိမ်ဖြူတော်သို့လည်းသွားရောက်လည်ပတ်ခဲ့ပြီး၊အမေရိကန် သမ္မတဟောင်းဖြစ်သူအိုဘားမားနဲ့လည်းတွေ့ဆုံနိုင်ခဲ့ပါတယ်။

ဝက်ဝံအရုပ်နဲ့ခြေလှမ်းစပြီးတဲ့နောက်မှာနောက်ထပ်ခြေလှမ်းသစ်များကိုစတင်ဖို့အတွက်Horowitz ကကြိုးစားပြင်ဆင်ခဲ့ပါတယ်။“ကျွန်တော်တို့အနေနဲ့ကလေးငယ် တွေနဲ့ပတ်သက်ပြီးနောက်ထပ်ပုံစံအမျိုးအစားများကိုဘာလို့မဖန်တီးနိုင်ရမှာလဲဆိုပြီးစဉ်းစားမိပါတယ်”ဟုသူကပြောဆိုပါတယ်။အမေရိကန်ကင်ဆာ အဖွဲ့အစည်းရဲ့အဆိုအရအမေရိကန်တွင်နှစ်စဉ်ကင်ဆာရောဂါ ဖြစ်ပွားတဲ့ ကလေးငယ်ဟာတစ်သောင်းဝန်းကျင်ခန့်ရှိပါတယ်။ကင်ဆာကလေးငယ်များအတွက်အကူအညီဖြစ်စေမယ့်ဘဲစက်ရုပ်ငယ်လုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်Aflac အာမခံကုမ္ပဏီကအကူအညီပေးတာကြောင့်ထို ဘဲစက်ရုပ်ရဲ့ နာမည်တွင်Aflac ကုမ္ပဏီနာမည်ပါရှိပါတယ်။

ကင်ဆာဝေဒနာခံစားနေရတာကြောင့်ကတုံးတုံးထားပြီးဆေးကုသနေရတဲ့Ethan Daniels ဟာဘဲစက်ရုပ်လေးကိုရရှိလိုက်တဲ့အခါတွင် ဝမ်းသာပျော်ရွှင်ကာမျက်ရည်များကျပြီး၊ဘဲစက်ရုပ်ငယ်ကိုပွတ်သပ်ဆော့ ကစားပါတယ်။အရမ်းကိုမိုက်တဲ့ကစားစရာလို့လည်းမှတ်ချက်ပြုပြောဆိုပါတယ်။ဘဲစက်ရုပ်ငယ်တွင်ခံစားရသမှုမျိုးစုံကိုပုံဖော်ပေးနိုင်တဲ့ကတ်ပြားများလည်းပါရှိပါတယ်။“ကျွန်မသားငယ်ရောဂါကုသနေရတဲ့အခါတွင်အချို့ခံစားချက်များဖော်ပြချင်တဲ့အခါထိုဘဲစက်ရုပ်ငယ်ကအထောက်အကူဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်နာကျင်နေတယ်လို့သူ့အနေနဲ့တစ်ချိန်လုံးပြောချင်မှာမဟုတ်ပါဘူး။နာကျင်တဲ့အခါတွင်နာကျင်တဲ့ပုံစံကိုဘဲရုပ်ငယ်ကတစ်ဆင့်ဖော်ပြပေးနိုင်ပါတယ်”ဟုEthan ရဲ့မိခင်Kelli Daniels ကပြော ဆိုပါတယ်။“စက်ရုပ်များနဲ့ပတ်သက်ပြီးကလေးငယ်များရဲ့တုံ့ပြန်မှုအပိုင်းဟာလူကြီးများနဲ့ကွာခြားပါတယ်။ကလေးငယ်များဟာကစားစရာစက်ရုပ်များကိုသူတို့ရဲ့နှစ်ကိုယ့်တစ်စိတ်ပုံစံ၊မိသားစုဝင်တစ်ယောက်ပုံစံဆက်ဆံပြုမူကြပါတယ်”ဟုAtlanta ရှိGeorgia Tech မှAssistant Robotics Professor ဖြစ်သူSonia Chernovaကမှတ်ချက်ပြုပြောဆိုပါတယ်။

Source : ငြိမ်းချမ်းတိုး

Mobile Guide Journal (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။