အများစုက ကြွက်တက်ခြင်းကို ခံစားရဖူးပါတယ်။ ရေကူးကန်ထဲမှာ ကြွက်တက်ရင်တော့ ဆက်ပြီး ရေမကူးနိုင်တော့တာမို့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဘာလို့ ကြွက်တက်ရတာလဲ ? ဘယ်လို အချက်တွေနဲ့ ချက်ချင်း ကုစားလို့ ရတာဆိုတဲ့ အကြောင်းအရာများပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဗဟုသုတများ တိုးပွားနိုင်ဖို့ အတူတူ လေ့လာလိုက်ရအောင် နော်။ 

ကြွက်တက်ရတဲ့ အကြောင်းရင်း များစွာ ရှိပေမယ့် အဓိက အဖြစ် အများဆုံး အချက်ကတော့ -  

- ဗီတာမင်ချို့တဲ့ခြင်း

- ကြွက်သားကို အသုံးပြု များလွန်းခြင်း

- ခြေထောက်မှာ သွေးလျှောက်မှုအား မကောင်းခြင်း

- ရေဓာတ် ခန်းခြောက်ခြင်း

- မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေ ချို့တဲ့ခြင်း

- ဆေးဝါးများ ကြာရှည်စွာ သောက်သုံးခြင်း

စတာတွေကြောင့် ဖြစ်တတ် ပါတယ်။ 

ဒီလို ကြွက်တက်ခြင်းကို ခံစားရတဲ့ အခါ ဖော်ပြပါ နည်းလမ်းတွနဲ့ ချက်ချင်း ကုသလို့ ရပါတယ်။

အကြောဆန့်ပါ

ကြွက်တက် လာတဲ့ အခါ အကြောဆန့်ဖို့ ကြိုးစားပါ။ အကြောဆန့်တယ် ဆိုတဲ့ နေရာမှာ ရှုပ်ရှုပ် ထွေးထွေး လုပ်စရာ မလိုပါဘူး။ နံရံ တစ်ခုမှာ ကပ်ရပ်ပြီး ခြေထောက်ကို ဆန့်ထားရင် အဆင်ပြေပါတယ်။

ကြွက်သားများ ဖြေလျော့ပေးပါ

ကြွက်သား ဖြေလျော့ခြင်း ကလည်း အကူအညီ ဖြစ်ပါတယ်။ ကြွက်တက် လာတဲ့ အခါ ကြွက်သားတွေကို ညှစ်ထား တာမျိုးက ပိုဆိုးစေပါတယ်။ ဒီလို လုပ်မယ့် အစား ခြေထောက် ကြွက်သားတွေကို ဖြေလျှော့လိုက်ပါ။ 

နှိပ်ပါ

ကြွက်တက် ချိန်မှာ ကိုယ်နဲ့ အတူ အခြား တစ်ယောက်ရှိတယ် ဆိုရင် ကြွက်တက်တဲ့ နေရာကို နှိပ်ပေးပါ။ ကြွက်တက်မှုကို ပြေလျော့စေပြီး နောက်ပိုင်း ဖြစ်ပွားမယ့် နာကျင်မှုကို ကုစားရာမှာ အကူအညီ ဖြစ်စေပါတယ်။

ခြေမချိုး

အလွယ်ဆုံး နည်းလမ်း ကတော့ ကြွက်တက်လာတဲ့ အခါ ခြေမကို ချိုးပေးတာ ဖြစ်ပါတယ်။ ချိုးတဲ အခါမှာ ခြေမတွေကို ပြေလျော့ သွားအောင် လှည့်ပေး ရမှာလည်း ဖြစ်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီး ကြွက်တက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုုလိုက်ပါတယ်။ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်။

သတင်းအရင်းအမြစ် - original writer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။