မြန်မာ့ဂုဏ်ဆောင်One Championshipပြိုင်ပွဲရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံအောင်လဟာမကြာခင်မှာ

နောက်ထပ်ပွဲစဉ်တစ်ပွဲကိုထိုးသတ်သွားတော ့မှာပါ။အောင်လဟာနောက်ဆုံးတွေ ့ဆုံမှှုအဖြစ်

ဟောင်ကောင်နိုင်ငံသားအလိန်းဂါလာနီနဲ့ရန်ကုန်မှာထိုးသတ်ထားပြီးအနိုင်ရရှိထားပါတယ်။One

Championship ပြိုင်ပွဲတာဝန်ရှိသူတွေဟာအစကမစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ်အောင်လနဲ့

ဗစ်ဒက်ကိုထိုးသတ်စေဖို ့စီစဉ်ထားခဲ့ပါတယ်။ဒါပေမယ် ့ဗစ်ဒက်ကထိုးသတ်ဖို ့အဆင်သင် ့မဖြစ်သေးတာ

ကြောင် ့အောင်လနဲ့ထိုးသတ်သူအပြောင်းအလဲဖြစ်ခဲ့ပါတယ်။One Championship ရဲ့ပြောင်းလဲစီစဉ်မှှု

အရအောင်လဟာ ချန်ပီယံကာကွယ်ပွဲအစားချန်ပီယံလုပွဲကိုပြောင်းလဲထိုးသတ်သွားရမှာပါ။

One Championship ပြိုင်ပွဲရဲ့လိုက်ဟဲဗီးဝိတ်ချန်ပီယံဟာ အနားယူသွားခဲ့တာကြောင် ့လိုက်ဟဲဗီးဝိတ်

ချန်ပီယံခါးပတ်ဟာလစ်လပ်လျှက်ရှိနေပါတယ်။အဆိုပါခါးပတ်လုပွဲအတွက်အောင်လဟာဝိတ်တန်းတက်ပြီး

ယှဉ်ပြိုင်ရမှာပါ။အောင်လဟာလိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲအတွက်ဘရာဇီးနိုင်ငံသားမာချာဒိုနဲ့

ယှဉ်ပြိုင်ရမယ်လို ့လည်းသိရပါတယ်။လအောင်အနေနဲ့ဝိတ်တန်းတက်ပြီးယှဉ်ပြိုင်ရတာဒီပွဲနဲ့ပါဆိုရင်

နှစ်ပွဲရှိသွားပါပြီ။ပထမပွဲစဉ်မှာဟဲဗီးဝိတ်တန်းကစားသမားအလိန်ဂါလာနီနဲ့ထိုးသတ်ထားတာပါ။ဒီပွဲကို

ဖေဖော်ဝါရီလထဲမှာထိုးသတ်ဖို ့စီစဉ်ထားပြီးအောင်လသာအနိုင်ရရှိခဲ့ရင်ဝိတ်တန်းနှစ်တန်း

ချန်ပီယံဖြစ်လာမှာပါ။

မာချာဒိုဟာလည်းအောင်လလိုပဲဂျူဂျစ်ဆုကိုကျွမ်းကျင်သူတစ်ယောက်ပါ။အောင်လဟာ

၀ိတ်တန်းနှစ်ခုရဲ့ကမ္ဘာ ့ချန်ပီယံဖြစ်ချင်တာကြောင် ့အပြင်းအထန်ကြိုးစားနေတယ်လို ့

မနေ ့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။သူနေထိုင်ရာမေရီလန်းကနေပြောင်းရွှေ ့ပြီး

ကမ္ဘာ ့ချန်ပီယံတွေလေ ့ကျင် ့နေတဲ့ဖလော်ရီဒါကို ပြောင်းေရွှေ ့လေ ့ကျင် ့နေတယ်လို ့သူက

ပြောပြပါတယ်။အောင်လရဲ့ပွဲဟာအရင်ပွဲတွေလိုပဲပရိသတ်ကြိုက်ပွဲစဉ်တစ်ပွဲဖြစ်လာမှာ

သေချာနေပါတယ်။အောင်လအနေနဲ့ကမ္ဘာ ့ချန်ပီယံအဖြစ်ဝိတ်တန်းနှစ်ခုမှာချန်ပီယံ

ဖြစ်လာမလားဆိုတာကိုတော ့………

Source-ONe Championship

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။