မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ကိုပါဒရေးဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ် ဒုတိယအကျော့မှာ ဆီဗီးလာအသင်းဟာ အက်သလက်တီကိုအသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်ပထမအကျော့မှာယှဉ်ပြိုင်ကစားခဲ့တုန်းက အက်သလက်တီကိုအသင်းဟာ ၂ ဂိုး ၁ ဂိုး နဲ့ ရံှူးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ်ဖြစ်တဲ့ ၅ ဂိုး ၂ ဂိုး နဲ့ ဆီဗီလာအသင်းဟာ ဆီမီးဖိုင်နယ်ကို တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆီဗီလာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မူရီရယ်၊ ဆာရာဘီယာ၊ ဗက်စ်ကွက်၊ ကော်ရီယာ၊ အန်ဇွန်ဇီ၊ ဘန်နီဂါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါမဲရိုး၊ ဂရဇ်စမန်း၊ ကော်ရီယာ၊ ဆောလ်၊ ကိုကီ၊ ဂါဘီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းဟာ ဂိုးသွင်းခွင့် အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆီဗီလာအသင်းအတွက် အဖွင့်ဂိုးကိုတော့ ဆာဂျီရို က ပွဲစလို့ ၁ မိနစ်မှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။၁၃ မိနစ်မှာတော့ ဂရဇ်စမန်းက အက်သလက်တီကို အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်လည်ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။၄၈ မိနစ်မှာ ဘန်နီဂါ က ပယ်နယ်တီကနေတဆင့် ဆီဗီလာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်၊ဆီဗီလာအသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ဆာရာဘီယာ က ၇၉ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။