ယနေခတ်လူငယ်တွေကြားမှာ မိခင်ဖခင်တွေအပေါ် ရိုသေကိုင်းရှိုင်းမှုနည်းပါးလာကြတာကို တွေ့မြင်နေရပါတယ်။ဒါ့အပြင် ကိုယ့်ရဲ့နွမ်းပါးတဲ့ မိခင်၊ဖခင်တွေကို လူရာမသွင်းချင်၊ လူသိမခံချင်ကြတဲ့ လူတွေလဲ ရှိကြပါတယ်။ ကိုယ့်မိခင် ၊ဖခင်ကဘယ်လိုပဲ နွမ်းပါးနေပါစေ ကိုယ့်ကိုလူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တဲ့ မွေးကျေးဇူးရှင်တွေကိုတော့ သိမ်ငယ်စိတ်ဝင်အောင် မလုပ်သင့်ဘူးလို့ထင်ပါတယ်။

မိဘကိုအလေးမထား လူရာမသွင်းချင်တဲ့ သားသမီးတွေရှိသလို မိဘအပေါ်အလေးထား ၊ ဂရုစိုက် ၊လိုအပ်တာကို ဖြည့်ဆည်းပေးချင်တဲ့ သားသမီးတွေလဲများစွာရှိနေပါတယ်။ ထိုအကြောင်းအရာလေးနဲ့စပ်လျဉ်းပြီး လူအများကလေးစားအားကျခဲ့ရတဲံ အဖေနဲ့သမီး အဖြစ်အပျက်လေးတစ်ခုရှိပါတယ်။ ထိုအဖြစ်အပျက်လေးကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံက လူမှုကွန်ယက်တွေမှာ လူကြိုက်အများဆုံး အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

၎င်းအဖြစ်အပျက်လေးကတော့ စိတ်ရောဂါခံစားရပြီး စုတ်ပြတ်ကာ လျှောက်သွားနေတတ်တဲ့ ဖခင်ကို သမီးဖြစ်သူက တွေ့အောင်လိုက်ရှာပြီး အဝတ်အစားနဲ့ အစားအသောက်တွေ ကျွေးမွေးပြုစုတဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ သမီးဖြစ်သူက အလုပ်ပိတ်ရက်တိုင်းမှာ ဝေဒနာခံစားနေရတဲ့ဖခင်ကို မရှက်မကြောက်ပဲ လူအများရှေ့မှာ ထုတ်ဖော်ကာ ကျေးဇူးဆပ်တဲ့ အဖြစ်လေးကတကယ်ကိုကြည်နူးစရာလေးပါပဲ။ ကိုယ့်မိဘတွေက ဘာပဲဖြစ်နေပါစေ ရဲရဲဝံံ့ဝံ့နဲ့ လူရာသွင်းပြီး ငါ့သားလေး ၊ငါ့သမီးလေးက ငါ့ကို မရှက်မကြောက်ပဲ လူရာသွင်းပါလားဆိုတဲ့ ပီတိလေးခံစားရစေဖို့ လုပ်ဆောင်ပေးသင့်တယ်လို့ထင်ပါတယ်။

source - SAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။