ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်အများအပြာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို မီးတောင် အန္တရာယ်ကိုလည်း ဆိုးရိမ်ရတဲ့နိုင်ငံပါ။

ဖိလစ်ပိုင်နိုင်ငံ၊ အယ်ဘေးပြည််နယ်ရှိ မာယွန်မီးတောင်သည် ဇန်နဝါရီ ၂၂ မွန်းလွဲပိုင်းက စတင်ပေါက်ကွဲခဲ့ပြီးနောက် ယနေ ့( ဇန်နဝါရီ ၂၃ )တွင်လည်းဒုတိယမြောက်နေ ့အဖြစ်ဆက်လက််ပေါက်ကွဲခဲ့ပြီးအန္တရာယ်ဇုန်ကို မီးတောင်ပတ်လည် ၉ ကီလိုမီတာ( ၅ ဒသာမ ၅၉ မိုင် ) အထိ ဖိလစ်ပိုင်အာဏာပိုင်များက သတ်မှတ်ခဲ့သည်။

မာယွန်မီးတောင်မှာ ဖိလစ်ပိုင်တွင် အသက်ဝင်လှုပ်ရှားမှု ့အများဆုံးမီးတောင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်နေ့က တစ်ကျော ့ပြန်သက်ဝင်လှုပ်ရှားခဲ့ပြီးနောက် ရက်အတန်ကြာ ပြာမှုန်များ၊ ချော်ရည်များမှုတ်ထုတ်ခဲ့သလို နှစ်ရက်ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက်မီးတောင်ကြီး

တစ်ခုလုံး ပေါက်ကွဲသွားမည်ကို စိုးရိမ်ပှုပန်မှုများလည်း ရှိနေကြသည်။

မီးတောင်တည်ရှိရာအယ်ဘေးပြည်နယ်၏ မြို ့တော်ဖြစ်သည့် လက်ဂါဇပီ

( Legazpi ) တွင် လူဦးရေ ၂ သိန်းခန် ့နေထိုင်ကြပြီး ယခုအခါ မီးတောင်ပေါက်ကွဲမှု အန္တရာယ်မှ လွတ်မြောက်ရန်ရွေ ့ပြောင်းနေကြသလို နေအိမ်များကို စွန်ခွာရွှေ ့ပြောင်းသူ လူပေါင်း ၅၆၀၀၀ ကျော် ရှိနေပြီဟု သိရသည်။

မီတောင်ပတ်ဝန်းကျင်မှ လက်ဂါဇပီ ( Legazpi ) ကယ်ဆယ်ရေးစခန်းသို ့

ယနေ ့( ဇန်နဝါရီ ၂၃ )တွင် ဇနီး၊ သားသမီးများ၊ မြေးများနှင့်အတူ ထွက်ပြေးရောက်ရှိလာသည့် အသက် ၅၈ နှစ်ရှိ လယ်သမားတစ်ဦးက

" မနေ ့ညက ဆိုရင် တစ်ညလုံး မအိပ်ရဲဘူး၊ မီးတောင်က အသံတွေက

လေယာဉ်ကြီးတွေ မြေပေါ်ကို ဆင်းသလို ဆူညံနေတယ် " ဟု AP သတင်းဌာနသို ့ ပြောကြားခဲ့သည်။

မာယွန်မီးတောင်မှာ ချော်ရည်ပူများ၊ ရွံ ့နွံများ၊ ဖုန်မှု ့များ၊ ပြာမှုန်များ အစရှိသည့် အလွှာပေါင်းစုံဖြင့် ဖွဲ ့စည်းထားသည့် ှStrato Volcano မီးတောင်အမျိုးအစားဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၆၃ မီတာ ( ၈၀၈၁ ပေ )တွင် တည်ရှိိပြီး မှတ်တမ်းတင်ထားနိုင်မှု ့များအရ ယခင်က မီးတောင်ပေါက်ကွဲမှု ့ ၅၁ ကြိမ်အထိရှိခဲ့ပြီး ဖိလစ်ပိုင်ရှိသော မီးတောင်များအနက်မှ အန္တရာယ်ရှိ အဓိက မီးတောင် ၅ လုံးတွင် တစ်လုံးအပါအဝင်ဖြစ်ကြောင်း သိရသည်။

အယ်ဘေးပြည်နယ်သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်စီမံခန် ့ခွဲမှု ကော်မတီ ( PDRRMC ) ဥက္ကဌ Al Francis Bichara ကလည်း ပြည်နယ် အတွင်းရှိ ကာမာလစ်၊ ဂွီနိုဘာတန်နှင့် လီဂါအို မြို ့များမှ အစိုးရအလုပ်များ၊ပုဂ္ဂလိက အလုပ်များအားလုံးကို ပိတ်ပင်လိုက်ကြောင်းနှင့် အဆိုးဆုံးအခြေအနေအတွက် အသင့်ပြင်ဆင်ထားရန် ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။

source - aye chan mon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။