ခန္ဓာကိုယ် အချိုးစားတောင့်တောင့်နဲ့ ပရိသတ်များရဲ့ အချစ်တော်လည်း ဖြစ်၊ သွင်မတူတဲ့ ပုံစံနဲ့ သရုပ်ဆောင်နိုင်သူ သရုပ်ဆောင်အိချောပိုကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ ဒီကနေ့ ဘားအံမြို့မှာ ဟောက်စားဇာတ်ကား ရိုက်ရန်သွားနေကြောင်း သိရပါတယ်။ ယင်းဇာတ်ကားကို မင်းသားမြင့်မြင့်၊ကျော်ကျော်ဗို၊ဂျိုကာနှင့် မင်းသမီး အိချောပိုတို့ပါဝင် သရုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။ ဒီကနေ့ ရူတင်ရိုက်ရန်ဘားအံကို သွားနေစဉ် အလှူတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ 

ဒီကနေ့ အိချောပိုရဲ့ လူမှုစာမျက်နှာတွင် ဒီကနေ့ပြုလုပ်ခဲ့တဲ့ အမှတ်မထင်အလှူလေးအကြောင်းကို တင်ပြထားတာတွေ့ရပါတယ်။ သရုပ်ဆောင် အိချောပိုရဲ့ စာသားလေးကတော့ " ဒီနေ့ ရှုတင်သွားရင်း ဘားအံမြို့အဝင်နားမှာ လမ်းခင်းနေတဲ့သူတစ်ချို့ကို တတ်နိုင်တဲ့ အလှူဒါနလေးတစ်ခုနဲ့ အမျိုးသမီးများအတွက် အဝတ်အထည်လေးများကို လှူဒါန်းဖြစ်ခဲ့ပါတယ်..."ဟူ၍ ရေးသားတင်ပြထားတာပဲဖြစ်ပါတယ်။ မင်းသမီး အိချောပိုလှူခဲ့တဲ့အလှူကလေးကတော့ အမျိုးသမီးများအတွက် အဝတ်အစား အကျီၤလေးတွေပဲဖြစ်ပါတယ်။

ပရိသတ်များချစ်တဲ့ သရုပ်ဆောင်မင်းသမီးချော အိချောပိုကလည်း ပရိသတ်ကြီးကို ချစ်ကြောင်း လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်များအတွက် ဒီကနေ့ ပြုလုပ်ဖြစ်ခဲ့ပါတယ်ဆိုတဲ့ အိချောပိုရဲ့ အလှူလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source - Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။