ပရိသတ်တွေရဲ့ အချစ်တွေကို ညို့ယူဖမ်းစားထားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးတွေထဲမှာ မင်းသမီးချောလေး ခင်ဝင့်ဝါကလည်း တစ်ဦးအပါအဝင်ပါပဲ..။

အခုတစ်ခါမှာလည်း မင်းသမီးချောလေး ခင်ဝင့်ဝါဟာ မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲအဖြစ် ပါဝင်ကူညီပေးခဲ့ပြီး ချစ်စရာကောင်းတဲ့ သူမကတော့ မင်္ဂလာပွဲလာ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ..။

မင်္ဂလာပွဲမှာ ပါဝင်ကူညီခဲ့တဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း မင်းသမီးချောလေး ခင်ဝင့်ဝါက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်.. တကယ်ကို ချစ်စရာလေးပါပဲ ပရိသတ်ကြီးရေ..

အမြဲချစ်စရာကောင်းပြီး သိမ်မွေ့တဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သူမကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့ပြန်ပါတယ်..။

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ပရဟိတနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏ ပြုလုပ်လှူဒါန်းနေပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအမြဲ ပြန်လည်မျှဝေပေးတာကို တွေ့ရပါတယ်..။

အချစ်ရေးအနေနဲ့ကလည်း ဆေးအေးနေပြီး ထူးခြားရင်တော့ ပရိသတ်တွေကို အားလုံးအသိပေးသွားမယ်လို့လည်း သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြထားပါသေးတယ်..။

အလှမယ်အဖြစ်မှ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

ဇာတ်ကားများနဲ့ ကြော်ငြာတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေကတော့ အချစ်ပိုစေရဆဲပါပဲ..။

လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ အခမ်းအနားပွဲများ တတ်ရောက်နေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်း၊ ကြောငြာ်ဓာတ်ပုံများ ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

Source - ခင်ဝင့်ဝါ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။