အနုပညာလောကထဲ မကြာသေးမှီကမှဝင်ရောက်လာတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်တစ်ယောက်ဟာတော့ ဒီနေ့မှာဆိုရင်ချောင်းသာကမ်းခြေကိုရောက်၇ှိလို့နေပါတယ်။ သူမဟာ Forever Group ရဲ့မင်းသမီးတက်လက်ဖြစ်ပါတယ်။ MRTV -4 မှရိုက်ကူးတင်ဆက်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။

သူမရဲ့အပြုံးချိုချိုလေးဟာ မြင်ရသူရင်ကိုအေးစေပါတယ်။ မကြာသေးမှီကလည်း MAKE ME BEAUTY ဆိုတဲ့အစီစဉ်လေးမှာ MAKE UP ARTIST DK DK ရဲ့ MODELတစ်ယောက်အဖြစ်လည်း ပါဝင်ခဲ့ပါသေးတယ်။ အန်တီမို့ ပေါက်စလေးလို့ အပြောခံရလောက်တဲ့အထိ လှပလွန်းနေခဲ့ပါတယ်။ ချောင်းသာကမ်းခြေကို မရောက်ဖြစ်တာ အနှစ်(၂၀)ရှိပြီမို့ ရောက်တုန်းရောက်ခိုက်မှာ အရမ်းကိုပျော်ရွှင်နေတဲ့ သူ့ရဲ့ပုံလေးတွေကိုမြင်ကြရမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ကမ်းခြေစတိုင်လေးနဲ့ အလှကြီးလှနေတဲ့ ပိုးကြာဖြူခင်ဆိုတဲ့ အလှမယ်လေးရဲ့ ချစ်စရာပုံလေးတွေကိုပရိတ်သတ်ကြီးဆီဝေမျှပေးလိုက်ပါတယ်နော်။ ပိုးကြာဖြူခင်ကိုချစ်တဲ့ပရိတ်သတ်ကြီးတို့လည်း သူမရဲ့ရှေ့လျှောက်မယ့်အနုပညာခရီးမှာ အားပေးမှုတွေနဲ့အတူ အခုထက်ပိုပြီးချစ်ခင်ပေးကြပါအုံးနော်။ 

SOURCE- Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။