အရပ်စကားအရ နားထဲလေထွက်တာကို နားအူတယ်လို့ခေါ်ကျပါတယ်။ နားအူခြင်းက ခန္ဓာကို်ယ်အားနည်းနေလို့ပဲဖြစ်ဖြစ် နားထဲတစ်ခုခုဝေဒနာခံစားနေရလိုပဲ ဖြစ်ဖြစ်နားအူ တတ်ပါတယ်။ နားမှာအပြင်၊အလယ်၊အတွင်း၊ ဆိုပြီးရှိပါတယ်။ နားထဲပိုးကောင်ဝင်တာပဲ ဖြစ်ဖြစ်၊ နားထဲနာဖာချေးများခြင်းပဲဖြစ်ဖြစ်၊ အထဲကအသံကြားနေရတတ်ပါတယ်။ နားနှင့် နှားခေါင်းနဲ့တစ်ဆက်တည်းဖြစ်တဲ့အတွက် နားထဲအရည်တွေ စုပြုံလာရင်လည်း နားအူ တတ်ပါတယ်။ တံတွေးမျိုချခြင်း၊ ညအိပ်ရင် တစ်ဖက်စောင်းအိပ်ခြင်းတို့ကလည်း နားထဲ အသံတစ်ခုခုကြားသလိုခံစားနေရတတ်ပါတယ်။

အတွင်းနားရေတိမ် Menure’s Disease ဝေဒနာတွေလည်း နားအူခြင်းခံစားရတတ်ပါ တယ်။ နားထဲမှာရှိတဲ့ အရည်အိတ်ဟာအရည်တွေ များပြီး နားအကြားကလာပ်စည်းများကို ဖိမိပြီးတော့နားအူတာလည်းဖြစ်နိုင်ပါတယ်။ နားအူခြင်းကြောင့်မှုးပြီးတော့လည်း အန်တတ် ပါတယ်။ နားထဲမှာ အလုံး၊အကျိတ်ဖြစ်ခြင်း၊ တို့ကြောင့်လညး် နားအူတတ်ပါသေးတယ်။ အဲဒီအလုံး၊ အကျိတ်တွေဟာ အာရုံကြောတွေကို ဖိထားတဲ့အတွက် မျက်နှာလေဖြတ် သလိုဖြစ်ခြင်း၊ မျက်လုံးပိတ်မရခြင်း၊ တို့ဖြစ်တတ်ပါတယ်။

နောက်တစ်ခုကတော့ စိတ်ကျန်းမာရေး၊ အသက်ကြီးတဲ့သူတွေအနေနဲ့ နားအူတာမျိုးဖြစ် တတ်ပါတယ်။ ဆူညံမှုတွေများတဲ့ ပတ်ဝန်ကျင်းမှာအလုပ်လုပ်ရခြင်း၊ တို့ကြောင့်လည်း နား အူတတ်ပါတယ်။ နားဝေဒနာခံစားရရင်တော့ နားနှာခေါင်း ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါ တယ်။ နားအူတာကို အိမ်တွင်းကုထုံးတွေနဲ့ ကုသတာမျိုးမလုပ်သင့်ပါဘူး။နားကြပ်တပ်ပေး ခြင်းက နားအူတာကိုပျောက်သွားနိုင်တယ်ဆိုပေမဲ့ ။ပြန်ဖြစ်နိုင်ပါတယ်။နားထဲကို နားကျပ်တံတွေနဲ့ ထိုးတာတွေမလုပ်သင့်ပါဘူးနော်။ အားလုံးကျန်းမာကြပါစေ။

Source : ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။