ခန္ဓာကိုယ်လှပမှုကလည်း မိန်းခလေးတိုင်းလိုအပ်တဲ့အခါတစ်ခုပါပဲ။ ဒါမှလည်း စိတ်တိုင်းကျဖက်ရှင်ကျတဲ့ အဝတ်အစားတွေကို ရွေးချယ်လို့ရမှာ မဟုတ်ပါလား?

အခုနောက်ပိုင်းမှာ တဖန်ပြန်လည်ခေတ်စားလားတဲ့ မြန်မာဝတ်စုံလေးတွေ ဝတ်တဲ့အခါမှာ တင်သားလေးတွေက ပြည့်ဖြိုးနေမယ်ဆိုရင်တော့ ပိုပြီးယုံကြည်ချက်ရှိနေမှာပါ။

ရင်သားလေးတွေလှပဖို့လဲ ပြောပြပေးပြီးပြီဆိုတော့ ဒီနေ့တော့ တင်သားလေးတွေဖွံ့ဖြိုး လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ပြန်လည်မျှဝေပေးသွားမှာပါ။

နေ့စဉ်စားသောက်ပေးရမယ့် အစားသောက်ပုံစံလေးတွေမို့ ပျိုမေတို့အကြိုက် ဖြစ်မယ်ထင်ပါတယ်။

(၁) မနက် အိပ်ရာထတဲ့အခါမှာ အုတ်ဂျုံနဲ့ ကြက်ဥပြုတ် အကာ(၂)လုံးကို မနက်တိုင်းစားပေးပါ။

(၂) နေ့လည်စာ စားတဲ့အခါ ပဲနီကလေးနဲ့ အာလူး တစ်မျိုးကို ပါဝင်အောင်စားပေးပါ။ စားပြီးရင်ဆိုရင်တော့ ပဲနို့သောက်ပေးပါ။

(၃) ညနေပိုင်းမှာတော့ နွားနို့အနည်းငယ်နဲ့ ထောပတ်သီးဖျော်ရည် ဖျော်သောက်ပါ။

(၄) ညစာစားပြီးတဲ့အခါ အစေ့အဆန် တစ်မျိုးစားပေးပါ။ (နေကြာစေ့၊ သီဟိုဋ်စေ့၊ ဖရုံစေ့၊ ကြွာစေ့၊ သစ်ကြားစေ့ စတဲ့အစေ့အဆန်တမျိုးကို လက်တစ်ဆုပ်ပမာဏ စားပေးပါ။ )

(၅) ညအိမ်ခါနီးတိုင်း ပဲနို့တစ်ခွက် သောက်ပြီးမှ အိပ်ပါ။

ဒီစားသောက်မှုနည်းလမ်းက အီစတိုဂျင်ဟော်မုန်းလို့ခေါ်တဲ့ ဓာတ်ကိုမြင့်တင်ပေးတာကြောင့် ကိတ်ချင်တဲ့ ပျိုမေတို့အတွက် အဆင်ပြေဆုံးနည်းလမ်းလေးပါ။

နေ့စဉ်ပုံမှန်စားသုံးမယ်ဆိုရင်တော့ တိုးတက်လာတဲ့ ပြောင်းလဲမှုများနဲ့အတူ ကျေနပ်စရာရလဒ်တစ်ခုကိုရရှိမှာပါ ပျိုမေတို့ရေ။

Source – Doctor Aye Min Htoo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။