နယူးကာဆယ်အသင်းဟာ အသင်းအတွက် အင်အားဖြည့်တင်းမှုတစ်ခု ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား ကနေဒီကို နယူးကာဆယ်အသင်းက အငှါးခေါ်ယူခဲ့ပြီလည်းဖြစ်ပါတယ်။နယူကားဆယ်အသင်းနည်းပြ ဘင်နီတတ်ဟာ အသင်းရဲ့ ကစားသမားအချို့ကို ရောင်းထုတ်ခဲ့ပြီး လိုအပ်တဲ့ ကစားသမားအချို့ကို ခေါ်ယူအားဖြည့်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။နယူးကာဆယ်အသင်းဟာ အဆင့် ၁၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ကနေဒီဟာ အသက် ၂၁ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီးတောင်ပံ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းမှာတော့ အသင်းရဲ့ စီနီယာကစားသမားတွေရဲ့ နောက်မှသာ ပွဲထွက်ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် လုပ်ပိုင်ခွင့်ပိုမိုရရှိနိုင်မဲ့ နယူးကာဆယ်အသင်းကို အငှါးနဲ့ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။နယူးကာဆယ်အသင်းမှာ အသင်းဖော်ဟောင်း အက်ဆု နဲ့ ပြန်လည်လက်တွဲသွားရမှာလည်းဖြစ်ပါတယ်။ 

ကနေဒီက " နယူးကာဆယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အတွက်အရမ်းပဲပျော်ရွင်မိပါတယ်။ဒါ့အပြင် နည်းပြ ဘင်နီတတ် ကလည်းနည်းပြကောင်း တစ်ယောက်ဖြစ်ပါတယ်။နယူးကာဆယ်အသင်းက ကျွန်တော့်ကို လာရောက်ကစားဖို့ ကြိုဆိုနေခဲ့တာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။