ကိုယ်ဝန်ဖျက်ချခြင်းတယ် ဆိုတာကတော့ သန္ဓေသား အဆင့်မှာတင် ကိုယ်ဝန်ကို ဖျက်ချလိုက်ခြင်း ဖြစ်ပါတယ်။ အချင်းနှင့် သန္ဓေသား ဖယ်ရန်အတွက် ဆေးများ သို့မဟုတ် ခွဲစိတ်ကုသခြင်းကို အသုံးပြုကြတာပဲဖြစ်ပါတယ်။ မလိုချင်သော ကိုယ်ဝန်ကို လွယ်ထားရသည်ဟု ယူဆသော အခါနှင့် မွေးရာပါ ချို့ယွင်းချက်များသော ကလေးကို မမွေးလိုသောအချိန်များတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ပြုလုပ်ကြပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းကို လိုင်စင်ရထားသော ဆရာဝန်မှ ပြုလုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားချင်း စာနာတဲ့ အနေနဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို မပြုလုပ်တာကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ရဲ့ လက္ခဏာများ

ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်ပြီး အတွေ့များသော လက္ခဏာများကတော့ - ဓမ္မတာသွေးများ ဆင်းခြင်း၊ အချိန်အပိုင်းအခြား တစ်ခုတိုင်းတွင် နာကျင်ခြင်း (သို့မဟုတ်) မသက်မသာ ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချပြီးနောက် ၁၄ ရက် ကြာသည်အထိ သွေးဆင်းခြင်းနှင့် နာကျင်ခြင်းတို့က ိုခံစားရနိုင်ပါတယ်။ ထို့အပြင်

- ကိုယ်အပူချိန် မြင့်တက်ခြင်း

- မိန်းမအင်္ဂါမှ အညစ်အကြေးများဆင်းခြင်း

- အနာသက်သာ ဆေးများ သောက် သော်လည်း ဝမ်းဗိုက်ပိုင် းနာကျင်ခြင်း တို့ ခံစားရပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းကို ဖြစ်စေနိုင်သော / တွန်းအားပေးသော အချက်များမှာ -

- ကိုယ်ဝန်တားနည်း မအောင်မြင်ခြင်း။

- မွေးရာပါ ချို့ယွင်းချက်များပါလာတဲ့ ကလေးကို မမွေးဖွားရန် ကာကွယ်ခြင်း

- အဓမ္မကျူးလွန်ခံရခြင်း

- သွေးသားအရင်းချင်း ကျူးလွန်ခြင်း မှ ရရှိလာသောကိုယ်ဝန်ကို တားဆီးခြင်း

- ကိုယ်ဝန်ဆက်လက်ထားရှိရန် အခက်အခဲများ ရှိခြင်း .. စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ 

ကိုယ်ဝန်ဖျက်ချတဲ့ ဆေးများဖြင့် ကိုယ်ဝန် ဖျက်ချခြင်း၊ vacuum ဖြင့်စုပ်ယူခြင်း၊ သားအိမ်ခြစ်ခြင်း .. စသည့် နည်းများ ရှိကြသော်လည်း ကိုယ်ဝန် ၉ ပတ် နောက်ပိုင်းတွင် ခွဲစိတ်မှု ခံယူခြင်းဖြင့်သာ ကိုယ်ဝန် ဖျက်ချနိုင်ကြောင်း လုံးဝ မမေ့လျော့ သင့်ပါဘူး။

ကိုယ်ဝန်ဖျက်ချခြင်းကို မပြုလုပ်တာက အကောင်းဆုံးမို့ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် မရှိတဲ့အခါ ကိုယ်ဝန် မရနိုင်စေတဲ့ ကာကွယ်ရန် နည်းလမ်းများကို အတိအကျ လိုက်နာရန် အလွန် အရေးကြီးပါတယ်။ အခက်မသင့်လို့ ကိုယ်ဝန်ရလာလျှင်လည်း တာဝန်ယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ မျိုးမြမြဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။