ဇန်နဝါရီ ၂၄ နေ့က ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးကော်မတီမှဦးစီး၍ တရားမဝင်ဆေးဝါးများ သက်တမ်းလွန် ဆေးဝါးများနှင့် တားမြစ်အလှကုန်များ ဖျက်ဆီးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖျတ်ဆီးမှုကို ဇန်နဝါရီလ (၂၃) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဘားအံမြို့ ထန်းကိုးပင် သုဿာန်ကွင်းပြင်တွင် ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ယင်းပြုလုပ်မှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်၊ ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (ဆေးဝါးဌာန) မှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က ပြောကြားရာတွင် ဆေးဝါးအစားအသောက်တွေကို ဈေးကွက်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် ဈေးကွက် အတွင်းရောက်လာတဲ့ ဆေးဝါးအစားအသောက်တွေကို အရည်အသွေးစစ်ဆေးပါတယ်။ အရည်အသွေးကျသွားတဲ့ ဆေးဝါးကုမ္ပဏီ တွေကို အကြောင်းကြားစာ ထုတ်ရပါတယ်။ ယခုဖျက်ဆီးတာဆိုရင် ကရင်ပြည်နယ်အတွင်း တရားမဝင်ဆေးဝါး၊ သက်တမ်းလွန် ဆေးဝါး၊ စပ်ဆေး၊ ဆေးဝါးအတု၊ အလှကုန် ဆေးဆိုင်များမှ သက်တမ်းလွန်ဆေးများ တာဝန်သိစွာ လာရောက်အပ်နှံသည့် သက်တမ်းလွန်ဆေးဝါးများကို ပြည်သူများသုံးစွဲ မိခြင်းဖြင့် အန္တရာယ်မရှိဖို့ ဖျက်ဆီးခြင်းဖြစ်ပါတယ်။ စပ်ဆေးရောင်းချသည့် ဆိုင်တွေ ကိုတော့ လိုင်စင် (၃) လပိတ်သိမ်းအရေးယူ ဆောင်ရွက်ပါတယ် ဟုပြောခဲ့ပါတယ်။ 

ကရင်ပြည်နယ်အတွင်း မြို့နယ် (၇) မြို့နယ်မှ ၂၀၁၆ခုနှစ်/၂၀၁၇ ခုနှစ်များတွင် သိမ်းဆည်းရရှိမှုအရ တရားမဝင် ဆေးဝါး (၄၀၁) မျိုးရှိပြီဖြစ်ပါတယ်။ ထို့အပြင် သက်တမ်းလွန်ဆေးဝါး (၃၉၃) မျိုး၊ စပ်ဆေး (၃၈) မျိုး ဆေးဝါးအတု (၁) မျိုး၊ အလှကုန် (၄၄) မျိုးနှင့် ဆေးဆိုင်းများမှ သက်တမ်းလွန်ဆေးများ တာဝန်သိစွာ လာရောက်အပ်နှံသည့် သက်တမ်းလွန်ဆေးဝါး (၇၇) မျိုး စုစုပေါင်း တန်ဖိုးငွေ ကျပ် (၈၈) သိန်းကျော်ဖိုးအား လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးကာ မြေမြုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Source - MOI W M

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။