ဗေဒင်၊ ယတြာ ဆိုတာမျိုးက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချို့သော အံ့သြစရာကောင်းတဲ့ ဗေဒင်၊ ယတြာ ဆန်းတွေကြောင့် ပြောင်းလဲ သွားခဲ့တာတွေလည်း အများကြီး ရှိပါတယ်။ ဒ့ါကြောင့် အခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ ဗေဒင်လောကမှာ အလွန်ကို နာမည်ကြီးပဲ အားထားရတဲ့ ဆရာမင်းသိင်္ခရဲ့ ယတြာဆန်း တစ်မျို အကြောင်းပဲ ဖြစ်ပါတယ်။ 

ဒီယတြာကို ကံနိမ့်နေတယ်လို့ ယူဆတဲ့အခါ၊ လုပ်သမျှ အလွဲတွေချည်း ကြုံရတဲ့အခါ၊ ကြိုးစားသော်လည်း ဘာကြောင့်မှန်း မသိဘဲ ကပ်လွှဲနေတဲ့အခါ … စတဲ့ အခြေအနေမျိုးမှာ ပြုလုပ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ကြံုရတဲ့ အခါ တကယ့်ကို ယူကြံုးမရ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ပြသနာတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် အလွယ်တကူ ဖြေရှင်းနိုင်မယ့် ယတြာဆန်း တစ်မျိုးပဲဖြစ်ပါတယ်။

ယတြာဆန်းကို ပြုလုပ်နည်းကတော့ ဖယောင်းတိုင် အသေးပေါ်တွင် ဖယောင်းတိုင် အကြီးဆင့်၍ ဘုရားစင်ပေါ်တွင် မီးပူဇော်ခြင်းပဲ ဖြစ်ပါတယ်။ ထို့နောက် ဘုရားရှိခိုးနည်းများဖြင့် ရှိခိုး ပူဇော်ပြီး ကံတွေ ကောင်းမွန်လာစေဖို့ ဆုဆောင်းခြင်းပဲ ဖြစ်ပါတယ်။ ဆရာမင်းသိင်္ခ ၏ ထိုယတြာဆန်း နည်းအတိုင်း ပြုလုပ်ခြင်းကြောင့် ကံကောင်းသွားခဲ့သော ပုဂ္ဂိုလ်များလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ယုံကြည်စွာနဲ့ လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ ကံကောင်းကြပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေရှင်။

သတင်းအရင်းအမြစ် - မင်းသိင်္ခ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။