အဆိုတော်အောင်လနှင့် ဓာတ်ပုံတွေ ထွက်လာတဲ့ ဝိုင်းစုဟာ ထိုသတင်းကြောင်းလဲတဖြစ်၊ မကြာခင်ကထွက်ထားတဲ့သူ့ရဲ့ 'ဂါ' စီးရီးခွေကြောင့်လဲတစ်ဖြစ် လူတွေရဲ့ အာရုံစိုက်မှုကိုခံနေရသလို အတင်းတွေ သတင်းတွေ မျိုးစုံထွက်ကာ ဝေဖန်နေကြတာကိုလည်းတွေ့ရပါတယ်။ သူမဟာ Voice ကပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေ လက်ရှိထွက်နေတဲ့ကောလဟာလတွေအပြင် သူမရဲ့ ထင်မြင်မှုကိုပြောကြားသွားခဲ့ပါတယ်။

သူမဟာ စိတ်ဓာတ်မာတဲ့အတွက် အမြဲလိုလို လဲကျနေရာမှ ပြန်ထလေ့ရှိကြောင်း၊ အပြင်လူတွေတောင်အပြောခံရတဲ့အတွက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့သူမက ပိုပြီး အပြောခံရမယ်ဆိုတာကို သူမအနေနှင့်နားလည်တယ်လို့ပြောသွားပါတယ်။ သူမသတင်းတွေထွက်နေရခြင်းမှာလည်း သူမကို စိတ်ဝင်စားတဲ့အတွက်ကြောင့် ဘယ်ဟာမှားလည်း ဘယ်ဟာမှန်လည်းဆိုတာကို အချိန်ကအဆုံးအဖြတ်ပေးသွားမှာပါလို့ဆိုလာပါတယ်။

ခုလောလောဆယ်မှာတော့ ပရိသတ်တွေအားပေးလို့ 'ဂါ' စီးရီးဟာ ရောင်းကောင်နေပြီး သူမရဲ့ ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားသွားမယ်လို့ပြောခဲ့ပါတယ်။ ပရိသတ်တွေကိုတော့ သူမရဲ့ အနုပညာကို ပဲစိတ်ဝင်စားစေချင်တယ်၊ ဝိုင်းစုရဲ့ သီချင်းတွေ နဲ့ ပရိသတ်တွေကို အေးချမ်းသာယာသွားစေချင်တယ်ဟု ဆိုခဲ့ပြီး သူမကို ဝေဖန်ကြတဲ့ ပရိသတ်တွေကိုလည်း စိတ်ထဲမှာဘာမှမရှိပါဘူးပါဘူးလို့ပြောခဲ့ပါတယ်။

သူမအနေနှင့် ရဲရဲဝင့်ဝင့်ပြောချင်တာကတော့ ဒီနေ့ဒီချိန်အထိ ဘယ်သူ့ဆီကမှ ဝိုင်းစုချူမစားခဲ့ဖူးဘူး၊ ကိုယ့်ဘာသာကို ရပ်တည်နိုင်အောင်ကြိုးစားခဲ့တယ်။ ဘယ်လျော်ကြေးမှလည်းမရဘူးသလို ဘယ်စပွန်ဆာမှလည်း မရှိခဲ့ဖူးဘူးလို့ပြောကြားခဲ့ပါတယ်။ သူမရဲ့ ပြိုကွဲခဲ့တဲ့အိမ်ထောင်နှင့်လည်း အတူတူဒိုးတူပေါင်ဖက် ကြိုးစားခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ရှေ့ဆက်သွားလို့မရတဲ့ အဆင်မပြေတာလေးတွေရှိလို့ သူတို့ နှစ်ယောက်ကွဲခဲ့တာဖြစ်ပေမယ့်လဲ သူနှင့် မိတ်ပျက်သွားတာလည်းမရှိခဲ့ပါဘူးလို့ပြောခဲ့ပါတယ်။

Source : The Voice

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။