၂၄.၁.၂၀၁၈ ရက်နေ့မှ ၃၀. ၁. ၂၀၁၈ အထိ ဆရာ စံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ ဂဏန်း၊ အရောင်တွေလည်း ပါ၀င်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

အရေးပါတဲ့ အပြောင်းအလဲနဲ့ တိုးတက်မှုများ ရှိတယ်။ အထူကောင်းတယ်။ လိုရာဆန္ဒ အားလုံး ပြည့်မြောက်မယ်။ ရည်မှန်းချက်တို့ကို လက်တွေ့ အကောင်အထည် ဖော်ခြင်းများ ကြုံမယ်။ အိမ်နေရာ၊ အလုပ်နေရာတို့မှာ အပြင်အဆင် အပြောင်းအလဲများ ကြံုမယ်။ လူသစ်များနှင့် ပေါင်းသင်း ဆက်ဆံရမယ်။ ယှဉ်ပြိုင်ပြီး လုပ်တာမျိုး အောင်မြင်မယ်။ ရန်အတိုက်အခံ တွေ ထိပ်တိုက်တွေ့နိုင်တယ်။ တနင်္ဂနွေ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ အင်္ဂါ နေ့ မွေးသူများကြောင့် ကံကောင်းခြင်းများ ကြံုမယ်။

ကံကောင်းစေသောအရောင် - အဝါရောင်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်

အကျိုးပေးဂဏန်း - ၁၊ ရ၊ ၉

ယတြာ - အဝါရောင် ပန်းတစ်ပွင့်ကို ဘုရားကပ်လှူပြီး ဆုတောင်းပါ။ 

တနင်္လာနေ့မွေးသူများ

ရပ်တန့်နေတဲ့ အလုပ်များ ပြန်လည် စတင်နိုင်တယ်။ ပိတ်နေတဲ့ လမ်းကြောင်းများ အားလုံး ပြန်လည် ကောင်းမွန်မယ်။ ခရီးသွားလို့ အဆင်ပြေတယ်။ ရပ်တန့်နေတဲ့ လုပ်ငန်းကနေ အကျိုးအမြတ်ရရှိခြင်းနဲ့ ကံကောင်းခြင်းများ ကြံုမယ်။ သူတစ်ပါးနဲ့ ကိုယ်နဲ့ ကြား အတွေးအမြင် အယူအဆ မတူတာမျိုးတွေ ရှိမယ်။ အချစ်ရေး ကံမကောင်းတဲ့ ကာလဖြစ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးတွေမှာတော့ ကံကောင်းမယ်။ တိုးတက်ကိန်းများရှိတယ်။ လူမျိုးကွဲ အကျိုးပေးတယ်။ တနင်္ဂနွေ၊ စနေ၊ သောကြာနေ့ မွေးသူများနှင့် တွဲဖက်လုပ်ကိုင်လျှင် ထူးထူးခြားခြား အောင်မြင်ပြီး ကံကောင်းနိုင်တယ်။ တနင်္လာ၊ ကြာသာပတေး နေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၂၊ ရ ၊ ၉

ယတြာ - ပန်းအဖြူပွင့်လေးတွေ မကြာခဏ ဘုရားလှူပြီး လိုရာ ဆုတောင်းပါ။   

အင်္ဂါနေ့မွေးသူများ

ပြသနာ တစ်ခုပြီး တစ်ခု ကြံုနိုင်တယ်။ မှန်းတာနဲ့ လက်တွေ့ ကွာမယ်။ သူတစ်ပါးကြောင့် ကိုယ့် ရည်ရွယ်ချက်တွေ နှောင့်နှေးမယ်။ ရစရာ ရှိတာတွေ ကြန့်ကြာမယ်။ ကုန်စရာ ရှိတာတွေကတော့ စောစီးစွာ ကုန်မယ်။ ယာဉ်၊ ကား၊ စက်ပစ္စည်းများကြောင့် ပိုက်ဆံကုန်မယ်။ ပစ္စည်း လှောင်လို့ မရတဲ့ ကာလဖြစ်တယ်။ ပြသနာတွေနဲ့ ယှဉ်ပြီး လုပ်ရတဲ့ ကာလဖြစ်တယ်။ ကြာသာပတေး၊ သောကြာ၊ စနေနေ့ မွေးသူများနှင့် ပူးတွဲလုပ်ကိုင်လျှင် အဆင်ပြေပြီး အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် ပြသနာ များမယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အပြာရောင်၊ နို့နှစ်ရောင်

အကျိုးပေးဂဏန်း - ၁၊ ရ၊ ၉

ယတြာ - အိမ်မှာရှိတဲ့ သတင်းစာ အဟောင်းတွေ ရှာဖွေ စွန့်ပစ်လိုက်ပါ။   

ဗုဒ္ဓဟူးနေ့မွေးသူများ

ပြသနာများ တစ်မျိုးပြီး တစ်မျိုး ရှိမယ်။ စာရွက်စာတမ်း လက်မှတ်ယူခြင်း၊ ငွေကြေးကိစ္စ အာမခံခြင်းမျိုးကို သတိထားပါ။ အိမ်တွင်းရေး၊ လူမှုရေး ပြသနာများ ရှိတယ်။ တစ်ပါးသူ အမှုအခင်းတွေကိုလည်း လိုက်ပြီး ဖြေရှင်းပေးရလိမ့်မယ်။ အတိုက်အခံများ ရှိမယ်။ ငွေကြေးတော့ ကံကောင်းနိုင်တယ်။ အပြောင်းအလဲများ ကြံုမယ်။ တနင်္ဂနွေ၊ အင်္ဂါနေ့ မွေးသူများကြောင့် ပြသနာများ ဖြစ်တတ်ပြီး ကြာသာပတေး၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။

ကံကောင်းစေသောအရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်၊ အပြာရောင်

အကျိုးပေးဂဏန်း - ၅၊ ရ၊ ၉

ယတြာ - အိမ်မှာရှိတဲ့ ကော်ခွက်အဟောင်းတစ်ခုကို ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။ 

ရာဟု မွေးသူများ

အလုပ်ပို ကိစ္စပိုများ ကြံုမယ်။ ရည်မှန်းချက် အသစ်တွေ ရှေ့တိုး လုပ်ကိုင်ရတာမျိုးတွေ ရှိမယ်။ ဘဝ တိုးတက်မှုများ ကောင်းမယ်။ ရန်အတိုက်အခံ ရှိမယ်။ မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူရမယ်။ အရပ်ဝေးနဲ့ ဆက်သွယ်တာတွေ ကောင်းမွန်မယ်။ ငွေကြေး ကံကောင်းမယ်။ အပြိုင်အဆိုင် အနှောင့်အယှက်များ ရှိမယ်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပြီး တနင်္လာ၊ သောကြာ၊ စနေ နေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရမယ်။

ကံကောင်းစေသောအရောင် - အညိုရောင်၊ အပြာရောင်၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ရ၊ ၉ ၊ ၄

ယတြာ - အိမ်မှာရှိတဲ့ ဓါတ်ခဲအဟောင်းတွေ ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။   

ကြာသာပတေးနေ့ မွေးသူများ

ကိုယ်လုပ်သမျှ အောင်မြင်မယ်။ စီးပွားရေး ကံ အကျိုးပေးတယ်။ လုပ်ငန်းခွင်မှာလည်း တိုးတက်ကိန်း ရှိတယ်။ ဘဝ အခြေအနေ မြင့်မား တိုးတက်ခြင်း ရမယ်။ ချက်ခြင်း ဆုံးဖြတ်ပြီး ရှေ့တိုး လုပ်ကိုင်တာတွေ အောင်မြင်မယ်။ ငွေကြေးကိစ္စမှာ အငြင်းပွားစရာတွေ ရှိနိုင်တယ်။ ဖြေရှင်းတဲ့ ကိစ္စတွေ အဆင်ပြေနိုင်တယ်။ နာမည် အောင်မြင်မှု ရနိုင်တယ်။ ငွေကြေး ကံကောင်းမယ်။ တနင်္လာ၊ သောကြာ၊ စနေနေ့ မွေးသူများ ကောင်းကျိုးပေးပြီး တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ မွေးသူများ ဒုက္ခပေးတတ်တယ်။

ကံကောင်းစေသောအရောင် - အညိုရောင်၊ အပြာရောင် ၊ မီးခိုးရောင်

အကျိုးပေးဂဏန်း - ၄၊ ရ၊ ၉

ယတြာ - အိမ်မှာ ရှိနေတဲ့ ပလပ်စတစ်အိတ် အဟောင်း၊ ကြွတ်ကြွတ်အိတ် အဟောင်းတွေကို ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။ 

သောကြာနေ့ မွေးသူများ

မေတ္တာရေး ကံကောင်းမယ်။ မိတ်ကောင်းဆွေကောင်း အထောက်အကူ ရမယ်။ စုပေါင်းပြီး တွဲဖက် လုပ်ကိုင်တဲ့ အလုပ်တွေ အကျိုးပေးတယ်။ စိတ်ချမ်းမြေ့စရာတွေ ရှိမယ်။ ကောင်းကျိုးပေးသူများ တိုးမယ်။ လုပ်ငန်းခွင်မှာလည်း တိုးတက်မယ်။ ငွေဝင်ကိန်း ရှိတယ်။ ရင်းနှီးတဲ့ သူတွေနဲ့ စကားများရတတ်တယ်။ တနင်္လာ၊ အင်္ဂါ၊ သောကြာ နေ့ မွေးသူများကြောင့် ကောင်းကျိုးများရပြီး ကြာသာပတေး၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေသောအရောင် - အပြာရောင်၊ အနီရောင်၊ ပန်းရောင်

အကျိုးပေးဂဏန်း - ၆၊ ရ၊ ၉

ယတြာ - အိမ်မှာရှိတဲ့ မီးသီအကျွမ်း၊ မီးချောင်းအကျွမ်းတွေကို ရှာဖွေပြီး စွန့်ပစ်လိုက်ပါ။   

စနေနေ့မွေးသူများ

ထင်ရှားတဲ့ ကံကောင်းခြင်းနဲ့ အောင်မြင်မှုတွေ ရနိုင်တယ်။ အလိုဆန္ဒတွေ ပြည့်မယ်။ ဘဝ အဆင့် တိုးတက်ကိန်း ရှိမယ်။ အခွင့်အရေး ကောင်းများ ရနိုင်တယ်။ ငွေကြေး ကံကောင်းမယ်။ အနည်းငယ် အဖုအထစ်များတော့ ရှိနိုင်တယ်။ ကျန်းမာရေး ချူချာမယ်။ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများ ကောင်းကျိုးပေးပြီး သောကြာ၊ စနေနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေသောအရောင် - အပြာရင့်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်

အကျိုးပေးဂဏန်း - ၈၊ ရ၊ ၉

ယတြာ - အနက်ရောင် ပစ္စည်း အဟောင်း တစ်ခုကို ရှာဖွေပြီး အိမ်အပြင်ဖက်ကို စွန့်ပစ်လိုက်ပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။