5.12.2016

မြိတ်မြို့၊နောက်လယ်ရပ်၊(၃)လမ်းဖြစ်ပွားခဲ့သောလူသတ်မှုမှာ ညီဖြစ်သူမှ အစ်ကိုအရင်းအား သတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှ (၄၈)နာရီအတွင်း အမှုအားဖေါ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ(၂)ရက်နေ့က နောက်လယ်(၃)လမ်းနေအိမ်အပေါ်ဆုံးထပ်တွင် ဖြစ်ပွားခဲ့သောလူသတ်မှုဟာ မြို့လူထုကြား စိတ်ဝင်စားမှု အလွန်များပြားခဲ့ပါတယ်။လူသတ်မှုဖြစ်စဉ်အား ရဲတပ်ဖွဲ့ဝင်များမှ အပြင်စည်းအတွင်းစည်း များကို ရှာဖွေစုံစမ်းရာ လူသတ်တရာခံဟာ အတွင်းစည်းဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

မိသားစုများအား ခေါ်ယူစစ်ဆေးရာတွင် တောကျောင်းပရိယတ္တိစာသင်တိုက် တွင် သတင်းသုံးနေသော ညီဖြစ်သူ မင်းကို (၃၆)နှစ်၊ (ဘ)ဦးဟိုကြည် မှ အစ်ကိုဖြစ်သူ "ကျော်မင်း"အားလူသတ်မှုကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် စစ်ဆေးနိုင်ခဲ့သည်။

"မင်းကို"မှာ ရေကန်အော်ကျေးရွာမှ မြိတ်မြို့သို့ ဒီဇင်ဘာ (၂၉)ရက်နေ့ကရောက်ရှိပြီး အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် တောကျောင်းပရိယတ္တိစာသင်တိုက်တွင် ဘုန်းကြီးဝတ်နေကြောင်း သိရပြီး လူသတ်မှုဖြစ်ပွားသည့်နေ့တွင် မင်းကို မှ အစ်ကိုဖြစ်သူ"ကျော်မင်းအား နံနက်စာစားရန် လာရောက်ခေါ်ယူစဉ် အစ်ကိုဖြစ်သူမှ ၄င်းအသုံးပြုနေသည့် ဖုန်းအား ဘေးသို့ပစ်ချပြီး မွှေ့ယာအောက်အသင့်ရှိနေသည့်ဓါးဖြင့် မင်းကို အားခုတ်သဖြင့် မင်းကို မှ လုံးထွေးသတ်ပုတ်ရင်း ဓါးဖြင့် ထိုးမိကြောင်း မင်းကို မှ ဝန်ခံထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူ မင်းကို ၏ လက်တွင် ပြတ်ရှ ဒဏ်ရာ တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းရာမှ အမှုမှန်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားချိန်မှ စ၍ အမှုမှန်ပေါ်ပေါက်ချိ်ထိ (၄၈)နာရီသာကြာမြှင့်ခဲ့ကြောင်းသိရပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူ မင်းကို အား (ပ)၂၂၄၅/၂၀၁၆ ၊ရာဇသတ်ကြီးပုဒ်မ(၃၀၂)အရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။