စိုးသူရဲ့အရင်ဇနီးဘက်ကကောနေ ဖြေရှင်းထားတဲ့ Video File ထွက်ပေါ်လာပြီးနောက်၊ စိုးသူရဲ့သမီးလေးရဲ့ ရင်တွင်းခံစားချက်နဲ့အတူ အဖေဖြစ်သူကို မွေးနေ့ဆုတောင်းလုပ်ထားတဲ့ Videoတွေအသီးသီးထွက်လာအပြီးမှာ အရင်တည်းက ကောလာဟာလအနေနဲ့ နာမည်ကြီးခဲ့တဲ့ တစ်ချိန်ကနာမည်ကျော်နှစ်ယောက်ရဲ့သတင်းဟာ ပြန်ပြီးနာမည်ကြီးလာခဲ့ပါတယ်။

ဒါပေမယ့် ဒါကို ကောလာဟာလလို့ ဆက်ပြီးပြောနိုင်ပါဦးမလား။ အကြောင်းရင်းကတော့ သတင်းတွေထွက်လာအပြီး ဒီဇင်ဘာလအစမှာပဲ နှစ်ယောက်လုံးက Cover Photoတွေဆင်တူပြောင်းခဲ့ကြလို့ပါ။ ဒါဟာပရိသတ်တွေကို အတိအလင်းပြောပြလိုက်တာဖြစ်ပြီး အနုပညာရှင်တွေကိုယ်တိုင်တရားဝင်မဖွင့်ပြောပေမယ့် ခိုင်မာတဲ့သက်သေဖြစ်လို့နေပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးမြတ်နန္ဒာရဲ့ပရိသတ်အချို့ကနေ စိုးမြတ်နန္ဒာနောက်ဆုံးရေးသားထားတဲ့ ဆူးခင်းလမ်းစာသားအောက်မှာ သဘောတူတဲ့သူတွေကော၊ စေတနာနဲ့သတိပေးတဲ့သူတွေကော ဝင်ရောက်ရေးသားခဲ့ပါတယ်။

ပရိသတ်တွေကတော့ အမြင်အမျိုးမျိုးနဲ့ ဝေဖန်နေဆဲ။

Source : SOETHU , SOE MYAT NANDAR Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။