ကိုယ်ချစ်တဲ့အနုပညာကို မစွန့်လွှတ်နိုင်ဘဲ အိမ်ထောင်ပြုပြီးတာတောင်မှ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမှာပါလို့ မြင့်မြတ်ကနေ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

စီးပွားရေးလည်း လုပ်ဖို့မရှိသလို သူ့ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Dragon ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးထားပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ အော်ရဂျင် နယ် ဂိုဏ်းစတား ၃ ဇာတ်ကားကို ရိုက်ကူးနေပြီး မင်္ဂလာပွဲကိုတော့ ဖေဖော်ဝါရီ (၁၅)ရက်နေ့မှာ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၁၆)ရက်နေ့မှာတော့ အင်လျားလိတ်ဟိုတယ်နဲ့ ဖေဖော်ဝါရီ ၂၃ရက်နေ့မှာတော့ မန္တလေးမှာ ပြုလုပ်သွား မှာ ဖြစ်ပြီ မင်္ဂလာပွဲ သုံးပွဲ ဆက်တိုက်ကျင်းပသွားမယ်လို့ သိရပါတယ်။

Source: popular, duwun

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။