မြန်မာ အများစုကတော့ မြန်မာမုန့်ကို နှစ်သက်စွာ စားသုံးကြပါတယ်။ ထမင်းနဲက စားလို့ကောင်းသလောက် ထမင်းနဲ ပြုလုပ်ဖို့ကိုလည်း ခက်ခဲမယ်လို့ ထင်နေကြပါတယ်။ ထမင်းနဲ ထိုးခြင်းက ထင်သလောက် မခက်တာမို့ လိုအပ်တဲ့ပစ္စည်းများနှင့် ပြုလုပ်ပုံ အဆင့်ဆင့်ကိုပါ တွဲဖက်ဖော်ပြပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက် ရုံးပိတ်ရက်တွေမှာ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ ထမင်းနဲ ထိုးစားဖို့ အကြံပေးလိုက်ပါတယ်။ 

လိုအပ်သော ပစ္စည်းများ

- ကောင်ညှင်းနိဆီဗူး ၄လုံး (ကောက်ညှင်းကို ၆နာရီကြာရေစိမ်ထားပါ )

- အုန်းသီး တခြမ်း (အခွံခွာပြီးပါးပါးလှီးထားပါ)

- ရေနို့ဆီဗူး ၃လုံးခွဲ

- ဆီ ၂၀သား

- ဆား လက်ဖက်စားဇွန်း ၁ဇွန်း

- နှမ်း ၅ကျပ်သား

- မြေပဲ ၅ကျပ်သား (နဲနဲကျေသွားအောင်ပုလင်းနှင့်ကြိတ်ချေပါ)

- ဂျင်း ၅ကျပ်သား (အမျှင်လေးတွေဖြစ်အောင်လှီ

- ဆနွင်းမှုန့် လက်ဖက်စားဇွန်း ၁ဇွန်း

- ကောင်ညှင်းဖြတ်ရန်အတွက် ယောင်းမ၂ချောင်း

ပြုလုပ်နည်း အဆင့်ဆင့်

(၁) ဆီကိုမွှေးအောင် အုန်းသီးစိတ် ၃ ၊၄ စိတ်လောက်ကိုတူးအောင်ကြော်ပါ။

(၂) အုန်းသီးဖတ်များတူးလျှင်ဆယ်ယူပြီးလွှင့်ပစ်လိုက်ပါ။

(၃) ဆီထဲသို့ ဆနွင်းမှုန့်ထည့်ပါ။ ကောင်ညှင်းထည့်၍ ရွနေအောင်လှော်ပါ ။ ရေထည့်ပါ။ ဆားထည့်ပါ။

(၄) ကောင်းညှင်းကို ရေခန်းအောင်ချက်ပြီး မီးအေးအေးဖြင့်နှပ်ပါ။

(၅) ကောက်ညှင်းနပ်ပြီဆိုလျှင် မီးအေးအေး ထားပြီး အုန်းသီး ၊ဂျင်း ၊ နှမ်း၊ မြေပဲ တို့ကိုတခုစီထည့်၍ ကောက်ညှင်းကို ဖြတ်ပါ။ အဆက်မပြတ် နှံ့အောင် မွှေပါ။

အခု ဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ထမင်းနဲကို စားသုံးလို့ ရပါပြီ။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်သော မိသားစုလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - original writer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။