၁။ ဝီလီယံဂျိမ်းစ်း ( IQ 250 – 300 )

ပထမဆုံးကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားတစ်ယောက်ဖြစ်တဲ့ ဝီလီယံဂျိမ်းစ်ရဲ့ အိုင်ကျူကိုတော့ အတိအကျ စမ်းသပ်ခဲ့ခြင်းမရှိပေမယ့် ပျှမ်းမျှအားဖြင့် ၂၅၀နှင့် ၃၀၀ကြားတွင်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ဒါဟာဆိုရင်တော့ ကမ္ဘာကြီးပေါ်မှာယနေ့အချိန်ထိဘယ်သူ့မှာမှ မရှိသေးတဲ့ အိုင်ကျူစွမ်းရည်ပဲ ဖြစ်ပါတယ်။သူဟာ ၁၈၉၈ ခုနှစ် သူ့အသက် ၁၁ နှစ်မှာ ဟားဗက်တက္ကသိုလ်မှာ သင်္ချာဘာသာရပ်ကို အထူးပြုသင်ကြားခဲ့ပြီး သူ့အခန်းဖော် အသက် ၃၀ အရွယ်များကြားမှာ စာမေးပွဲဖြေတိုင်း အမှတ်ပြည့်ရခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဟားဗက်တက္ကသိုလ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကျောင်းသားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

၂။တာအို ( 225 -230 )

တာအိုဟာ သြစတေးရီးယားလူမျိုး သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး ဟောင်ကောင်မှာမွေးဖွားခဲ့ကာ ငယ်စဉ်ကတည်းက သြစတေးရီးယားနိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။ သူဟာသချာၤဘာသာရပ်ရဲ့နယ်ပယ်အားလုံးမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သချာၤပညာရပ်မှာ ထူးချွန်မှုတွေက ဖော်မြူလာပေါင်းစုံကို တီထွင်နီုင်ခဲ့ပြီး ၂၀၀၆ခုနှစ်မှာ Fields Medal ဆုကိုရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ တာအိုဟာ LA မြို့မှာရှိတဲ့ တက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။

၃။ဟီရာတာ (IQ 225)

ဟီရာတာ ဟာ ကလေးဘဝကတည်းက တစ်ဖက်ကမ်းခက် ညဏ်ရည်မြင့်မားခဲ့သူဖြစ်ပြီး ၁၉၉၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလမ်ပစ် ရူပဗေဒပြိုင်ပွဲကို အသက် ၁၃ နှစ်နဲ့ ဗိုလ်စွဲခဲ့ပါတယ်။ သူဟာ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်ကို အသက် ၁၄ နှစ်နဲ့ စတက်ခဲ့ပြီး ပရစ်တန် တက္ကသိုလ်ကနေ အသက် ၂၂ နှစ်မှာ PhD ရရှိခဲ့ပါတယ်။ လက်ရှိမှာ သူဟာ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှာ Astrophysics ကို သင်ကြားပေးနေပါတယ်။

၄။ ကင်မ်အမ်ယောင်း (IQ 210)

ကင်မ်အမ်ယောင်း ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ သာမန် ကျောင်းဆရာတစ်ဦးအနေနဲ့သာ ရှိနေပါတယ်။ သူ အသက် ၆ နှစ်အရွယ်မှာ စကားစပြောခဲ့ပြီး သူ့ရဲ့ ၁၃ နှစ်ပြည့်မွေးနေ့မှာတော့ အင်္ဂလိပ်၊ ဂျာမန်၊ ကိုရီးယားနဲ့ ဂျပန်စကားတို့ကို ကျွမ်းကျွမ်းကျင်ကျင်ပြောနေပါပြီ။ သူ့ရဲ့ ညဏ်ရည်ကြောင့် နာမည်ကြီးပြီးနောက်ပိုင်းမှာ သူဟာ အမေရိကန်နိုင်ငံကိုရောက်လာခဲ့ပြီး နာဆာမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ မပျော်ပဲ ကိုရီးယားကို ပြန်လာကာ ကျောင်းဆရာတစ်ဦးအဖြစ် ယနေ့တိုင် နေနေခဲ့ပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့ ညဏ်ရည်မျိုးကို ထူးထူးခြားခြားပိုင်ဆိုင်ခဲ့ပေမယ့် သူဟာ သာမန်ဘဝကိုသာ ရွေးချယ်နေထိုင်ခဲ့ပါတယ်။

၅။ ကတ်စ်ပါးရော့ဗ် (IQ 194)

ကတ်စ်ပါးရော့ဗ် ဟာ စစ်တုရင်နယ်ပယ်မှာ နာမည်အကြီးဆုံး ကစားသမားဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ၂၂၈ ပွဲမှာ ၂၂၅ ပွဲအထိ အနိုင်ယူခဲ့ပါတယ်။ သူ့ရဲ့ ချန်ပီယံဂုဏ်သတင်းဟာ ရုရှားမှာ လွှမ်းမိုးခဲ့ပြီး IBM ကွန်ပြူတာရဲ့ Deep Blue ကွန်ပြူတာနဲ့ ကစားတဲ့ပွဲရယ်၊ ပူတင်နဲ့ ကစားတဲ့ပွဲများဟာ နာမည်ကြီးပါတယ်။ လက်ရှိမှာ သူဟာ စစ်တုရင်လောကက အနားယူသွားပြီး လူ့အခွင့်အရေးဖောင်ဒေးရှင်းမှာ ဘုတ်အဖွဲ့ဝင်တစ်ယောက်အဖြစ် ရှိနေပါတယ်။ 

Source : Curiosity ( facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။