ဆုပန်ထွာ တို့ ပညာသင်စရိတ် ထောက်ပံ့ပေးနေတဲ့ မောင်ကောင်းပြည့် ဆေးကျောင်းတက်ရပြီ

သရုပ်ဆောင် ဆုပန်ထွာတို့ ဇနီး မောင်နှံက ကျောင်းစရိတ် ထောက်ပံ့ပေး မယ့် ၅ ဘာသာ ဂုဏ်ထူးရှင် မောင်ကောင်း ပြည့်က အခုဆို ရင် ဆေးတက္ကသိုလ်တက် ခွင့်ရတယ်လို့ သိရပါတယ်။

မောင်ကောင်းပြည့် တက်ရောက်ချင် တဲ့ ဆေးကျောင်းကို တက်ခွင့်ရသွားတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနဲ့ သူ့ကို ထူးချွန် ထက်မြက်တဲ့ ဆရာဝန် တစ်ယောက် ဖြစ်လာစေဖို့ ဆုတောင်း မိကြောင်းကို ဆုပန်ထွာ က…

“မပန်ကတော့ သူ့ရဲ့ ကျောင်း စရိတ် ကို ကူညီထောက်ပံ့ပေးတာ။ ကျန်တဲ့ အရာအကုန်လုံးကို တာဝန် ယူ ထောက်ပံ့ ပေးတာ မဟုတ်တော့ သူ့ပညာရေးစရိတ် ကိုပဲ တာဝန်ယူ ထားတယ်။ ဆေးကျောင်း ဆိုတော့ ၆ နှစ်၊ ၇ နှစ်တော့ သူတက်ရမယ်။ သူ ဘွဲ့ရသွား တဲ့အထိ ထောက်ပံ့ပေး သွားမယ်။ မပန်နဲ့ ကိုဥက္ကာပါ သူ့ အတွက် ဝမ်းသာမိပါတယ်။ ဝမ်းသာ တယ်ဆိုတာက သူတို့တကယ်လို အပ် နေတဲ့အရာ၊ တကယ် တက်ချင်တဲ့ ကျောင်းကို တက်ခွင့်ရတယ် ဆိုတော့ ပီတိလေးဖြစ်မိတာပေါ့နော်။ မပန် တို့လည်း သူ့အတွက် အများကြီး မတတ် နိုင်တဲ့အတွက် သူဘွဲ့ရတဲ့ အထိတော့ ကြိုး စားပြီးလုပ်ပေးသွားမယ်။ မပန် သူ့ကို ကြည့်ရတာ အေးလည်း အေးတယ်။ လိမ် လည်း လိမ္မာတယ်။ နောက်တစ်ခုက ဒီ ကလေးတင် မဟုတ်ဘဲနဲ့ သူ့ရဲ့မိဘတွေ အနေနဲ့ကလည်း ရိုးသားတယ်၊ ပွင့်လင်း တယ်။ မပန်တို့ကို အစစ အရာရာ တိုင်ပင် တယ်။ အဲဒီလိုမျိုးဆိုတော့ စိတ်ကြည် ကြည်နူးနူးနဲ့ကို ကူညီရတာ စိတ်ချမ်း သာရပါတယ်။

သူတက်ချင်တဲ့ကျောင်းကို တက်ခွင့် လည်း ရသွားပြီဆိုတော့ သူ့ကို ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တစ် ယောက် ဖြစ်ပါစေလို့ မပန် ဆုမွန်ကောင်း တောင်း ပါတယ်” လို့ ပြော ပါတယ်။

သူတို့ရဲ့ အခုလို ကျောင်း စရိတ် ထောက်ပံ့လှူဒါန်းမှုက မကြာခင်လေး ကမှ မွေးဖွားလာတဲ့ သားလေး Roar Roar Kyaw ရဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး လှူဒါန်းခဲ့တာဖြစ်ကာ သားလေးရဲ့ ရက် ၁ဝဝ ပြည့်မွေးနေ့ မင်္ဂလာကိုလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တာမွေမြို့နယ်က အလို တော်ပြည့် ကျောင်းမှာ အလှူလုပ်ဖို့ စီစဉ်ထား တယ်လို့လည်း ဆုပန်ထွာက ပြောပြ ပါတယ်။

Source: Popular Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။