ဗီယက်နမ် လယ်သမား တဦးဟာ ၁၉၉၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ Phon Nha-Ke Bang အမျိုးသား ပန်းခြံထဲမှာ အရင်က မတွေ့ခဲ့ဖူးသေးတဲ့ ဂူတလုံးကို မထင်မှတ်ဘဲ တွေ့ရှိခဲ့ပါတယ်။ ဂူရဲ့ အဝင်ဝ အရောက်မှာတော့ အလွန် ကျယ်လောင် မြည်ဟီး စီးဆင်းနေတဲ့ ရေစီးသံတွေ ကြားလိုက်ရတော့ သူလည်း ကြောက်ရွံ့ပြီး ဂူထဲဆက် မဝင်ရဲတော့ပါဘူး။

ဒေသခံတွေက အဲဒီဂူကို Son Doong လို့ ခေါ်ပေမယ့် ဘယ်သူမှ နောက်ထပ်ရှာဖွေမှုတွေ မလုပ်ရဲကြပါဘူး။

၂၀၀၉ ခုနှစ်မှာတော့ ဟောင်းဝပ် လင်းဘတ် (Howard Limbert) ဦးဆောင်တဲ့ ဗြိတိသျှ သုတေသနနဲ့ လေ့လာရှာဖွေရေး အဖွဲ့ အဲဒီဂူကို ရောက်ရှိခဲ့ပြီး ဂူအတွင်း ၀င်ရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့ ဂူ အတွင်းထဲ ၀င်ရောက်လေ့လာတော့ အဲဒီ ဂူဟာ ၅ ကီလိုမီတာ ရှည်ပြီး၊ မီတာ ၁၅၀ ကျယ်တဲ့ အလွန်ကြီးမားတဲ့ ဧရာမဂူကြီး ဖြစ်နေတာကို တွေ့ရှိရပါတယ်။

source - ကမ္ဘာသစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။