အိုင်ဖုန်း၊ ဆမ်ဆောင်းဖုန်းများအပါအဝင် စမတ်ဖုန်းများမှာ အသုံးပြုတဲ့ ဘထ္ထရီများဟာ လစ်သီယမ်-အိုရွန်း(Lithium-ion) ဘထ္ထရီအမျိုးအစားများဖြစ်ကြပါတယ်။ သူ့အထဲက အခန်းငယ်များကန့်ထားတဲ့ casing များ ယိုယွင်းတဲ့အခါမှာ cathode နဲ့ anode တို့ အချင်းချင်း ထိတွေ့မိသွားပြီးတော့ ပြင်းထန်တဲ့ အပူချိန်ကို ရုတ်ချည်းဖြစ်ပေါ်စေပါတယ်။အခြားအကြောင်းအရင်းတစ်ခုကတော့ ဘထ္ထရီထဲက dendrite လို့ခေါ်တဲ့ crystal ဆဲလ်များကြောင့်လဲ ဖြစ်တတ်ပါတယ်။ 

သူတို့ရဲ့ လမ်းကြောင်း ချို့ယွင်းသွားပြီဆိုရင်လဲ ကြားထဲက compartment barrier များမှာ ချို့ယွင်းမှုတွေဖြစ်ပေါ်တတ်ပြီး thermal runaway ပြဿနာများဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လဲ အခုဆိုရင် သိပ္ပံပညာရှင်များဟာ ဒီပြဿနာများ နဲ့ အပူဒဏ်ကိုလျှော့ချပေးနိုင်မယ့် ဘထ္ထရီများကို ထွင်ဖို့ ကြိုးစားနေပြီး electrode များကြားမှာပါ မီးလောင်မှုရော့ကျစေသောအရည်(flame retardant solvent) ကို ထည့်သွင်းအသုံးပြုလာကြပါတယ်။

အဲ့ဒီလို ဘထ္ထရီများ ထွက်ပေါ်လာရင် ဆဲလ်ဖုန်းများဟာ ပိုပြီး စိတ်ချရမယ်ထင်ပါတယ်။ ဒါပေမယ့်လဲအရမ်းကြီး ကြောက်လန့်နေဖို့တော့ မလိုပါဘူး။ ဖုန်းဘထ္ထရီမျာဟာ ပေါက်ကွဲတတ်ကြတယ်ဆိုပေမယ့် ကမ္ဘာတစ်ဝန်း ဖုန်းအလုံးပေါင်း သန်းထောင်ချီရှိတဲ့အထဲက အခုလို ရာဂဏန်းပဲ ပေါက်ကွဲဖူးသေးတာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကိုင်ထားတဲ့ အိုင်ဖုန်း သို့မဟုတ် ဆမ်ဆောင်းဖုန်းက ထကွဲမယ်ဆိုရင်တော့ မြန်မာပြည်မှာ သိန်းငါးရာထီပေါက်တာထက် ပိုပြီး ကံထူးသွားပြီလို့ပဲမှတ်ယူလိုက်ပါ။

Source: Curiosity (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။