ရှေးဟောင်းပစ္စည်းများဖြစ်ပြီး ဒီပစ္စည်းတွေဟာ ထူးဆန်းသလို ဂမ္ဘီရဆန်တဲ့ပစ္စည်းတွေဖြစ်ပြီး တချို့ပစ္စည်တွေဆိုရင် အန္တရာယ်လည်းရှိပါတယ်။သို့ပေမဲ့ ဒီလိုပစ္စည်းတွေကို သိန်းပေါင်းမြောက်မြားစွာပေးပြီးဝယ်တဲ့သူတွေလည်းရှိပါတယ်။

၁=ဝက်စွယ်ဂွင်းပိတ်လို ဆိုပါတယ်

အစစ်ဆိုရင် တုတ်ဓါးလဲပီးသလို ပီယ ဘက်လဲ အစွမ်းထက်ပါတယ် ပစ္စည်းအစစ်ဆိုရင် တစ်လက်မကို သိန်း150ကျော်ပါတယ် ။

၂=ဒါကတော့ မိုးကြိုးသွားပါ..။

ပစ္စည်းစစ်ရင် သိန်းနှစ်ရာအထိ စျေးပေါက်ပါတယ်။

၃=ကျောက်လက်ဝါး လို ဆိုပါတယ်

လောကီအစီအမံတွေ လုပ်ရာမှာ အလွန် အသုံးဝင်ပါတယ်။ စိန်ကိုပြည်တောင်း နဲ့ချိန်ပေးရင်တောင် စိန် မယူနဲ့ ကျောက်လက်ဝါးပဲ ယူဆိုပြီး အဆို ရှိပါတယ်။ ပစ္စည်းအစစ် ရှားပါတယ်။

၄=ဒါကငုံးအမြူတေပါ အကုန်ပြီးပါတယ်တဲ့။

စျေးကတော့ မယုံမှာစိုးလို မပြောတော့ပါဘူး ။

၅=ဒါကတော့ ကြားသာကြားဖူးပြီးမမြင်ဖူးတဲ့ အံပွားပါ တုတ်ကနေ သေနတ်အထိ အကုန်ပီးပါတယ်...

ပိုင်ရှင် ကိုယ်တိုင် လေသနတ်နဲ့ 10လက်မ အကွာကနေ ပစ်တာကို ကျဉ်လွဲ ပါတယ်။ ပိုင်ရှင်ကိုယ်တိုင် ကြိုက်တဲ့နည်းနဲ့လာရောက်စမ်းသပ် နိူင်ကြောင်း စိန်ခေါ်ထားပါတယ်။ (စျေးကတော့ မငိုကြေးသိန်း4500ပါတဲ

ကျည်လွဲတဲ့ ကျောက်အမြူတေပါတဲ့၊ ပစ္စည်း အစစ် အမှန်တကယ် အစမ်းသပ်ခံနိူင်ရင်ပေါက်စျေးမရှိပါ ။ ဆိုစျေးပဲရှိပါတယ်။

၆=ဒါကတော့ ဂျပန်ဓါးလို့ဆိုကြပါတယ်။ သံနှစ်လက်မ ကို တိကနဲ့ပြတ်ပါတယ်တဲ့။

ပစ္စည်းအမှန်အကန် ဆိုရင် သိန်း400အထိ ပေါက်ပါတယ်တဲ့။

ဒါကတော့ အောက်လင်းမီးအိမ်ပါရေနံဆီ ထည့်ပြီးထွန်းလို ပစ္စည်းအစစ်ဆိုရင် တစ်ပတ်အထိ ခံနိူင်ပါတယ်။

ပစ္စည်း စစ်မစစ် စမ်းနည်းကတော့ကြမ်းပြင်မှာ ဆန်စေ့ကြဲပြီးအုတ်သုံးခဲ ဖိုခနောင့်ဆိုင်ပြီး တစ်နာရီကြာရင် မီးအိမ် အခြေမှာ ဆန်စေ့လာကပ်ရင် အစစ်ပါ။

၇=ဒါကတော့ မသိုးပန်းကန်ပါ။ ထည့်သမျှ ထမင်း ဟင်း အားလုံး မသိုးပါဘူး..။ (ပုံမပါ)

=ဒါကတော့ မသိုးကြေးအိုးလို ခေါ်ပါတယ် အိုးထဲကို သိုးလွယ်နိူင်တဲ့ အစားအသောက်တွေ ထားရင် ဆယ်ရက် ဆယ်ငါးရက်ထိ ခံပါတယ် ရှေးဟောင်းပစ္စည်းစျေးကွက်မှာ ပဲဟင်းနဲ့ သုံးရက်ထိ အစမ်းခံနိူင်ရင်သိန်း420အထိ ရနိူင်ပြီးတစ်ပတ်ထိ အစမ်းခံနိူင်ရင် သိန်းတစ်ထောင်အထိ ပေါက်ပါတယ်။

၈=အိန္ဒိယဘက်ကလာတဲ့ ရှေးဟောင်းအရုပ်ပါ ဓါတ်မီးနဲ့ထိုးရင် မီးမလင်းပါ ။ မီးရောင်အောက်ထားရင် သူအလိုလို မီးအလင်းရောင် လျော့ကျသွားပါတယ်။ ရှေးဟောင်းပစ္စည်းစျေးကွက်မှာ တန်ကြေးအတော်ရှိပါတယ်။

၉=ဘုရားဆင်းတုတော် မဟုတ်ပါ ညာတင်ကုတ်လိုခေါကြပါတယ် အထက်လမ်းဆရာတွေ အသုံးပြုကြတဲ့အရုပ်ပါ ဆီမီး ပန်း ဆွမ်းတော်ကပ်ရင် မျက်ကွယ်ရာကို လှည့်သွားပါတယ်ဘာတွေ အသုံးဝင်မှန်း မသိပေမဲ့ သိန်း50နီးပါး စျေးပေါက်ပါတယ်။

၁၀=အင်းဝဘက်က တောင်သူတွေလယ်လုပ်ရင်း ရခဲ့တဲ့အရုပ်ပါ။ အင်းဝခေတ်လောကီပညာတွေ ထွန်းတောက်စဉ်က စီရင်ခဲ့တဲ့အရုပ်ပါ။

ရသေ့ကြောင် (သို့)ဦးမှတ်ကြီးလို ခေါြ်ကပါတယ်၊ အိမ်တွေမှာ ထားရင် လူကိုခိုက်တတ်ပါတယ်။ လယ်ယာ လုပ်ကိုင်တဲ့ လူတွေ လယ်အစောင့် ယာအစောင့် အဖြစ် ထားခဲ့တဲ့ အရုပ်ပါ။

source - ပြောချင်လွန်းလို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။