အက်ဖ်အေဖလား တတိယအဆင့်မဲခွဲမှုများ ထွက်ပေါ်လာပါတယ်။ ဒီအဆင့်မှာတော့ လက်ရှိပရီးမီးယားလိဂ်ဇယားထိပ်က ချဲလ်ဆီးအသင်းဟာ နော့သ်ကောင်တီ ဒါမှမဟုတ် ပီတာဘရောက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်ယူအသင်းကတော့ ရီဒင်းအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ၀က်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ပရက်စ်တန်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ နယူးပေါ့ကောင်တီ သို့မဟုတ် ပလိုင်းမောက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။