၀က်စ်ဟမ်းအသင်းအား ဟက်ထရစ်သွင်းယူနိုင်ခဲ့သော ဆန်းချက်ဇ်အား ၎င်းပွဲစဉ်အပြီးတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖုန်းခေါ်ဆိုမှုများ ပြုလုပ် သွားခဲ့ကြောင်း El Mercurio သတင်းစာက ဖွင့်ချသွားခဲ့သည်။

ဂွါဒီယိုလာသည် ဆန်းချက်ဇ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဖုန်းခေါ် စကားပြောခဲ့ပြီး El Mercurio ၏ ဖော်ပြချက်အရ ဂွါဒီယိုလာသည် တပည့်ဟောင်း ဆန်းချက်ဇ်ကို မန်စီးတီးအသင်းသို့ ခေါ်ယူသွားရန် ဆန္ဒ ရှိနေကြောင်း သိရသည်။ ဆန်းချက်ဇ်သည် အာဆင်နယ် အသင်းဖြင့် ချုပ်ဆိုထားသော စာချုပ်အရ သက်တမ်း (၁၈) လသာ ကျန်ရှိတော့သည့် အနေအထားတွင် စာချပ်သစ် ကမ်းလှမ်းရေးတွင်လည်း အဆင်မပြေ ဖြစ်နေခဲ့သည်။ ဆန်းချက်ဇ်သည် မန်ယူအသင်းမှ ပေ့ါဂ်ဘာတို့ ခံစားရရှိနေသော လုပ်ခလစာ ပမာဏအတိုင်း အလိုရှိနေပြီး၊ တောင်းဆိုထားသော လုပ်ခလစာ အတိုင်း ရမှသာ အာဆင်နယ်အသင်းဖြင့် စာချုပ်သက်တမ်း တိုးမြှင့်သွားဖွယ် ရှိနေကြောင်း သိရသည်။

ဆန်းချက်ဇ်သည် ဘာစီလိုနာ အသင်းတွင် ဂွါဒီယိုလာနှင့် တစ်ရာသီ လက်တွဲ အလုပ်လုပ်ခဲ့ဖူးသော ကစားသမား တစ်ဦးဖြစ်ပြီး၊ ဂွါဒီယိုလာ၏ နည်းစနစ်တွင် အကောင်းဆုံး လိုက်ပါကစားနိုင်သော ကစားသမား တစ်ဦးဖြစ်သည်။

Credit – Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။