ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံမှာမွေးထားတဲ့ မြန်မာအမျိုးသမီးလေးတစ်ဦးဟာ အိန္ဒိယနိုင်ငံ သမ္မတကတောာ် Firsr Lady of India ဖြစ်ခဲ့ဖူးပါတယ်။ သူမကတော့ ရမည်းသင်းမြို့သူတစ်ဦးဖြစ်တဲ့ ဒေါ်တင့်တင့်ပဲဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတစ်ဦးက အခြားနိုင်ငံတစ်ခုရဲ့ သမ္မတကတော် ဖြစ်ခဲ့ဖူးတာကတော့ ထူးခြားလှပါတယ်။

မတင့်တင့်ကိုတော့ ၁၉၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရမည်းသင်းဒေသတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ မတင့်တင့် ကတော့ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရရှိပြီး မြန်မာစာပေနှှင့် ဘာသာစကားဌာနတွင် နည်းပြဆရာမလုပ်ဆောင်နေစဉ် ရန်ကုန်ကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးအရာထမ်း K.R Narayanan နှင့်ရင်းနှီးကျွမ်းဝင်ခဲ့တယ်လို့သိရပါတယ်။ ထို့နောက်မှာတော့ မတင့်တင့်ဟာ အိန္ဒိယနိုင်ငံ Delhi School of Social work တွင် ပညာတော်သင်တစ်ဦးအနေနဲ့ မဟာဘွဲ့ကို ရယူခဲ့ပြီး ၁၉၅၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် K.R Narayanan နှင့်ဒေလီတရားရုံးမှာ လက်ထပ်ခဲ့တယ်လို့သိရပါတယ်။ Narayanan မှာ ရန်ကုန် အိန္ဒိယ သံတမန်ဝန်ထမ်းဖြစ်ပြီး မတင့်တင့်ကတော့ နိုင်ငံခြားသူဖြစ်နေတဲ့အတွက် လက်ထပ်မှုတရားဝင်ဖြစ်စေရန် ဝန်ကြီးချုပ် ဂျဝါဟလာနေရူးကိုယ်တိုင် ဥပဒေကိုပြင်ဆင်ပေးခဲ့ရတယ်လို့လဲသိရပါတယ်။

မတင့်တင့်ကတော့ ခင်ပွန်းသေဆုံးပြီးသုံးနှစ်အကြာ အသက် ၈၆ နှစ် ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ညနေတွင် အိန္ဒိယနိုင်ငံ ဒေလီမြို့မှာပဲကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်နှင့်

အတူ အုတ်ဂူအတူမြှုပ်ခဲ့ပြီး မြန်မာနာမည် မတင့်တင့်ကို ၎င်း၏

သဘောဆန္ဒအရ ရေးထိုးစေခဲ့တယ်လို့လဲသိရပါတယ်။ Chitra Narayanan နှင့် Amrita

Narayanan သမီးနှစ်ယောက်ထွန်းကားခဲ့ပြီး သမီးကြီး Chitra Narayanan မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွင်

သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်

ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော

အိန္ဒိယသံအမတ်ကြီး ဖြစ်လာခဲ့တယ်လို့လဲသိရပါတယ်။ ပရိတ်သတ်တွေ သိရှိနိုင်စေဖို့အတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source -

ဒေါက်တာတင့်ဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။