လာမည့်ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် အလောင်းတော်ကဿပသို့ ယခုနှစ်မှ စတင်၍ ထော်လာဂျီယာဉ်များ တက်ရောက်မှု လုံးဝ ခွင့်မပြုတော့ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

''အလောင်းတော်ကဿပကို ဘုရားဖူးလာကြတဲ့ မော်တော်ယာဉ်တွေ အန္တရာယ်မဖြစ်စေဖို့အတွက် ယာဉ်အမျိုး အစားအလိုက် ဘုရားဖူး ခရီးသည်ဦးရေကို သတ်မှတ်ထားပါ တယ်။ မှန်လုံယာဉ်ကြီးဆိုရင် ၄၅ ဦး၊ မှ န်လုံယာဉ်သေးဆိုရင် ၃၅ ဦး၊ ဒိုင်နာဆိုရင် ၂၅ ဦး၊ ဟိုင်းလပ်နဲ့ လိုက်ထရပ် ဆိုရင် ၁၂ ဦး၊ ဂျစ်ကား ဒါမှမဟုတ် ဆန်နီနဲ့ဆိုရင် ခြောက်ဦးဆိုပြီး သတ်မှတ်ထားတာပါ။ သတ်မှတ်ဦးရေထက်ပိုပြီး တင်လာရင် အလောင်းတော် ကဿပဘုရားကို တက်ရောက်ခွင့်မပြုပါဘူး။ ထိုင်ခုံလူဦးရေနဲ့သာ ခရီးသည် ကိုတင်ဆောင်ပြီး ကားအမိုးပေါ်မှာ တင်တာတွေ မပြုလုပ် ရပါဘူး။ ထော်လာ ဂျီကိုတော့ လုံးဝကို တက်ခွင့်မပြုပါဘူး''ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူ က ပြောပြသည်။

ကပိုင်စခန်းမှ အလောင်းတော်ကဿပဘုရားဖူးယာဉ် အတက်ကားများအနေဖြင့် နံနက် ၄ နာရီမှစတင်၍ ဂိတ်ဖွင့်လှစ် ပြီး ညနေ ၅ နာရီတွင် ဂိတ်ပိတ် မည်ဖြစ်ကြောင်း၊ ဘုရားဖူးအတက် ကားများကို ကပိုင်ဂိတ်ဖွင့်ချိန် ပိတ်ချိန် ကြီးကြပ်ရန်အတွက် ကပိုင်ရဲစခန်းမှူး၊ ဂေါပကအဖွဲ့ဝင်တစ်ဦးနှင့် သံဃာတော်တစ်ပါး တို့အား ကြီးကြပ်ရန် တာဝန်ပေးအပ်သွားမည်ဖြစ်သည်။

ထို့အပြင် အလောင်းတော်ကဿပနှင့် ဆိုင်သည့် ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ်များမှ အလှည့် ကျ နာယကဆရာတော်နှင့် ဂေါပကများကို တစ်လတစ်ကြိမ် ပြောင်းရွှေ့တာဝန်ယူ ကြီးကြပ်ရာ၌ ဂေါပကအဖွဲ့မှ တာဝန်ထမ်း ဆောင်ပြီး ဆင်းမည့် ရဟန်း၊ လူပုဂ္ဂိုလ်နှင့် တာဝန်ထမ်းဆောင် မည့် ရဟန်း၊ လူပုဂ္ဂိုလ်တို့အား အဆင်ပြေအောင် ဆက်သွယ် ဆောင်ရွက်ပေး သွားရန် စီစဉ်ထားကြောင်း သိရသည်။

''အလောင်းတော်ကဿပ လမ်းပြုပြင်တာနဲ့ လမ်းစောင့် ရှောက်တာတွေကို နာယကဆရာတော်တစ်ပါးန ဲ့ဂေါပကအဖွဲ့ဝင် တစ်ဦး ကြီးကြပ်ဖို့ စီစဉ်ထားပါတယ်။ ကိုးမိုင်ရှိတဲ့ ကပိုင်ကနေ နတ်ထိပ်အထိရှိတဲ့ အလောင်းတော် ကဿပလမ်းကို ကတ္တရာ ဒါမှမဟုတ် ကွန်ကရစ်ခင်း တာကို ဆောင်ရွက်ဖို့ ပုပ္ပားကျောင်း ဆရာတော်က မိန့်ကြားထားတာ ရှိပါတယ်။ နောက်ပြီး အမျိုးသားဥယျာဉ် သစ်လုံးအိမ်နားကနေ သပိတ်ဆေးချောင်း ကို လူကူးကြိုးတံတားပြုလုပ်ဖို့လည်း မိန့်ကြား ထားပါတယ်။ ဒါ့အပြင် လမ်းပြုပြင်ဖို့ ဘက်ဟိုးအလတ်တစ်စီး အသစ်ဝယ် ယူဖို့နဲ့ ပျက်နေတဲ့ လုပ်ဒါစက်ကို ပြန်ပြီးပြုပြင်ဖို့ နိုဝင်ဘာ ၄ ရက်က ပြုလု ပ်တဲ့ ဂေါပကအဖွဲ့ရဲ့ အလောင်းတော်ကဿပ ဖွင့်ပွဲအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်မှာ ထည့်သွင်း ဆုံးဖြတ် ထားတာ တွေ့ရ ပါတယ်''ဟု ကနီမြို့နယ် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပြသည်။

မျိုးဝင်းထွန်း (မုံရွာ)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။