ပြည်တွင်းခရီးသွားများနဲ့ နိုင်ငံခြားသား ဧည့်သည်များ အသွားများတဲ့နေရာတစ်ခုက တူရကီနိုင်ငံ Denizli Pamukkale မြို့ကနေ ၁၉ ကီလိုမီတာ (၁၂မိုင်) အကွာမှာ တည်ရှိတဲ့ Pamukkale ဆိုတဲ့ နေရာလေးဖြစ်ပါတယ်။ အဲဒီနေရာက ထူးဆန်းအံ့သြဖွယ်ရာ မြောက်မြားစွာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရေပူစမ်းများဖြစ်ပါတယ်။

အဲဒီ ရေပူစမ်းရဲ့ အပူချိန်ဟာ ၃၅ ဒီဂရီကနေ ၁၀၀ ဒီဂရီအတွင်းမှာ ရှိပြီး ထွက်နေတဲ့ ရေပူထဲမှာလည်း သတ္တုဓာတ်များ ကြွယ်ဝလွန်းစွာ ပါဝင်နေပါတယ်။ တောင်စောင်းလေးမှာ အဆင့်ဆင့် အတိုင်း ဖြစ်ပေါ်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာ ဟာ အဖြူရောင် ကယ်လ်စီယမ်ကြောင့် ဆွတ်ဆွတ်ဖြူစွာ ဖြစ်နေတဲ့ အလှဟာ ထူးခြားလွန်းလို့ လူတိုင်းက ရင်သပ်ရှုမော အံ့သြခြင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ 

ရှေးခေတ်ကာလကတည်းက ထင်ရှားခဲ့တဲ့ Pamukkal ဒေသဟာ ရောမခေတ်ကတည်းက ထင်ရှားခဲ့တဲ့ ဒေသဖြစ်ပြီး ရေပူချိုး ဇိမ်ခံရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုဒေသတစ်ဝိုက် မှာရှေးရောမခေတ်လက်ရာ ဘုရားကျောင်းများစွာနဲ့ အထွဋ်အမြတ်ထားစရာ နေရာဒေသများ ရှိနေတဲ့ နေရာဖြစ်လို့ သန့်စင်သော မြို့တော်လို့ လူသိများကြပြီး Apollo ဘုရားကျောင်းဟာ မာဘယ်လ် ကျောက်သားများဖြင့် ပြုလုပ်ထားပြီး ခုချိန်ထိတိုင် ကျောက်တိုင်ကြီးများ အခိုင်အခံ့ ကျန်ရှိနေသေးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း Pamukkal ဒေသဟာ ကမ္ဘာလှည့်ခရီးသွားများ အလွန်စိတ်ဝင်စားစွာ သွားရောက်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ 

source - Nay shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။