အိမ်ထောင်ကွဲခဲ့ရတာနဲ့ ပတ်သတ်ပြီး ပရိသတ်နားလည်အောင် vedio file နဲ့ ရှင်းပြပေးနေတဲ့ ကိုစိုးသူဇနီးဟောင်း

အခုရက်ပိုင်း Hot အဖြစ်ဆုံးသတင်းကတော့ ကိုစိုးသူတို့ အိမ်ထောင်ရေးကိစ္စ နဲ့ လူမှုရေး အရှုပ်အရှင်း သတင်းတွေပဲဖြစ်ပါတယ်။ ဒီ ကိစ္စမပြောခင် ဇာတ်ကြောင်းအစက ပြန်ပြောရမယ်ဆိုရင်……………………

စိုးသူ နဲ့ စိုးမြတ်သူဇာ တို့ ချစ်သူတွေဖြစ်ခဲ့ကြတာ မြန်မာ့အနုပညာချစ် ပရိသတ်တွေသာမက တစ်တိုင်းပြည်လုံးသိကြတဲ့ သတင်းပါ။ အဲ့အချိန်တုန်းက သူတို့က ဒိတ်ဒိတ်ကြဲတွေကိုး။ ဒါပေမဲ့ ကိုစိုးသူအမေက စိုးမြတ်သူဇာ နဲ့သဘောမတူပါဘူး လို့ ခါးခါးသီးသီးငြင်းဆန်ခဲ့လို့ နောက်ဆုံးတော့ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြပါတယ်။ စိုးသူကလည်း မခငယ်နဲ့ လက်ထပ်ပြီး ပြည်ပသို့ ထွက်ခွာသွားခဲ့ပြီး စိုးမြတ်သူဇာကလည်း အိမ်ထောင်ကျခဲ့ပါတယ်။ စိုးမြတ်သူဇာလိုမျိုး ရုပ်ရည်ချောမောပြေပြစ်တဲ့အပြင် နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက် ကို ကိုစိုးသူအမေ ဘာကြောင့် သဘောမတူတာလဲ…… ဘာကြောင့် ခါးခါးသီးသီးဖြစ်ခဲ့ရတာလဲ ဆိုတာကတော့………………………

"ကျွန်မမောင်က အမရေ အကိုတော့ ဆေးလား မိန်းမလားမသိဘူး တစ်ခုခုတော့ တစ်ခုခုပဲ ပြောလိုက်တော့ ကျွန်မ စိုးမြတ်သူဇာ page ကိုသွားကြည့်လိုက်တယ်။ အဲ့အချိန်တုန်းက သူ(စိုးမြတ်သူဇာ) က မြန်မာပြည်မှာမရှိပါဘူး။ အမေရိကား ရောက်နေပါတယ်။ သြော် အဲ့တော့ စိတ်ချသွားတာပေါ့။ စိတ်အေးသွားတယ်။ သူ မဟုတ်ဘူးပေါ့။ တခြားမိန်းကလေး ဆိုရင်တောင် အဲ့လောက်စိတ်ပူစရာ မရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုစိုးသူအမေက ပြောခဲ့လို့ပါ " သမီးရယ် အမေ့သားလေးကို လုပ်တယ်။ ခန္ဓာကိုယ်နဲ့ ဆွဲဆောင်ရင်ရပါတယ်။ ဒီလို ဆေးတွေနဲ့ လုပ်တယ်ဆိုတော့ အမေ့သားလေး ကံနိမ့်တာပေါ့ ဘုန်းနိမ့်တာပေါ့ သမီးရယ်" ဆိုပြီး ငိုပြီးတော့ ပြောခဲ့တယ်။ အဲ့တာကြောင့်မို့လည်း စိုးရိမ်တာပါ"

ဒီ စကားတွေဟာ ကိုစိုးသူဇနီးဟောင်း မခငယ်ရဲ့ vedio file က စကားအချို့ကို ကောက်နုတ်ရေးသားထားခြင်းဖြစ်ပါတယ်။

Source: Kha Nge Vedio

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။