တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomiကတော့ တန်ဖိုးအသင့်အတင့်ပဲရှိတဲ့ စမတ်ဖုန်းများကို ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာ လည်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။ ရှောင်မီဟာ မကြာသေးခင်က အိန္ဒိယမှာ ဆမ်ဆောင်းရဲ့ စမတ်ဖုန်းရောင်းအား ကို ကျော်တက်ခဲ့ပြီး အိန္ဒိယရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာပါတယ်။ 

Counterpoint Research ရဲ့ Tarum Pathak က ရှောင်မီရဲ့ ဈေးနှုန်းချိုသာမှုနဲ့ ဈေးကွက်ဖြန့်ချီခြင်း နည်းဗျူဟာများဟာ ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်း ဈေးကွက်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိစေခဲ့ခြင်း ဖြစ်ပါတယ်လို့ ပြောပါတယ်။ရှောင်မီဟာ လွန်ခဲ့တဲ့ သုံးနှစ်က အိန္ဒိယ စမတ်ဖုန်း ဈေးကွက်ကို ဝင်ရောက်ခဲ့ပြီး အခုဆိုရင် ကုမ္ပဏီဟာ ဒေါ်လာ ၁၀၀ ဘီလီယမ် တန်ကြေးရှိနေပါပြီ။ ရှောင်မီဟာ အိန္ဒိယမှာ Flipkart, Amazon တို့ကနေ Flash Sales များ ရောင်းချပေးတဲ့ နည်းဗျူဟာကိုလည်း ကျင့်သုံးခဲ့ပါတယ်။ ဒီလို ဈေးကွက် နည်းဗျူဟာက ရှောင်မီရဲ့ ရောင်းအားကို အလွန် တိုးတက်စေခဲ့ပါတယ်။

ရှောင်မီရဲ့ စမတ်ဖုန်းများဟာ အိန္ဒိယမှာ ယခင်နှစ် စတုတ္ထကွာတားမှာ ဈေးကွက်ရဲ့ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဆမ်ဆောင်းကတော့ ၂၃ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။ ရှောင်မီက စတုတ္ထကွာတားမှာသာ ဆမ်ဆောင်းကို အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ ယခင်ကွာတားသုံးခုမှာ ရှောင်မီထက် များပြားနေတဲ့အတွက် ၂၀၁၇ တစ်နှစ်လုံးကို တွက်ချက်ရင်တော့ ဆမ်ဆောင်းက ရှောင်မီထက် ရောင်းအား ပိုမိုများပြားနေပါတယ်။ 

Source : Digital Times( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။