"အမက သူ့ကို လူပျိုအောက်မေ့လို့ လက်ထပ်ခဲ့တာ" ဆိုတဲ့ ကိုစိုးသူဇနီးဟောင်း

အခုရက်ပိုင်း Hot အဖြစ်ဆုံးသတင်းကတော့ ကိုစိုးသူတို့ အိမ်ထောင်ရေးကိစ္စ နဲ့ လူမှုရေး အရှုပ်အရှင်း သတင်းတွေပဲဖြစ်ပါတယ်။ ဒီ ကိစ္စမပြောခင် ဇာတ်ကြောင်းအစက ပြန်ပြောရမယ်ဆိုရင်……………………

စိုးသူ နဲ့ စိုးမြတ်သူဇာ တို့ ချစ်သူတွေဖြစ်ခဲ့ကြတာ မြန်မာ့အနုပညာချစ် ပရိသတ်တွေသာမက တစ်တိုင်းပြည်လုံးသိကြတဲ့ သတင်းပါ။ အဲ့အချိန်တုန်းက သူတို့က ဒိတ်ဒိတ်ကြဲတွေကိုး။ ဒါပေမဲ့ ကိုစိုးသူအမေက စိုးမြတ်သူဇာ နဲ့သဘောမတူပါဘူး လို့ ခါးခါးသီးသီးငြင်းဆန်ခဲ့လို့ နောက်ဆုံးတော့ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြပါတယ်။ စိုးသူကလည်း မခငယ်နဲ့ လက်ထပ်ပြီး ပြည်ပသို့ ထွက်ခွာသွားခဲ့ပြီး စိုးမြတ်သူဇာကလည်း အိမ်ထောင်ကျခဲ့ပါတယ်။ ယခုအချိန်မှာတော့ စိုးသူဟာ မခငယ်နဲ့ အိမ်ထောင်ရေးပြသနာတွေဖြစ်နေပြီး စိုးမြတ်သူဇာရဲ့ညီမ စိုးမြတ်နန္ဒာနဲ့ အတိအလင်းတွဲနေပါတယ်။ ဒီ သုံးပွင့်ဆိုင်ပြသနာဟာ ယခုချိန်မှာ လူပြောအများဆုံးဖြစ်နေပြီး……………

"မထင်ထားဘူး မထင်ထားဘူး အငယ်( စိုးမြတ်နန္ဒာ ) နဲ့လို့ မထင်ထားခဲ့ဘူး။ အဲ့တာနဲ့ သူတို့ သားအဖ နှစ်ယောက်ကို ပြန်ခေါ်တယ်။ အိမ်ပြန်မရောက်ခင် လမ်းပေါ်မှာတည်းက သတ်ကြတာ။ အိမ်လည်းရောက်ရော သူစိတ်ဓာတ်ကျတယ်တဲ့။ ပြန်ရောက်တော့ သူဘုရားခန်းမှာ အိပ်တယ်။ ရည်းစားပူပဲမိတာလား ဘာလား မသိပါဘူး။ ဒါပေမဲ့ တစ်ခုခုဖြစ်နေတယ်ဆိုတာ သိလိုက်တယ်။ ဖုန်းကိုလည်း အမြဲတမ်း တကိုင်ကိုင် တကြည့်ကြည့်နဲ့။

ကျွန်မက ဖုန်းခဏ ခဏကိုင်လို့ မေးရင် ဆင်ခြေအမျိုးမျိုးပေးတယ် မယုံရင် ယူကြည့်လိုက်တို့ ဘာတို့ပြောပြီး ဟီးဟီးဟားဟားပေါ့။ ဒါပေမဲ့လည်း အခြေအနေမမှန်ဘူး ဆိုတာတော့ သိပါတယ်။ ဒီလိုနဲ့ တစ်ရက် ကျွန်မသမီးလေးကို သိပ်နေတုန်း မနက်ဖြန်အလုပ်ရှိလို့ သူထမင်းဘူး ပြင်လိုက်ဦးမယ် ဆိုပြီး အောက်ဆင်းသွားတာ ပေါ်မလာဘူး။ ဒါနဲ့ ကျွန်မလိုက်ကြည့်တော့ တအိမ်လုံးမတွေ့ဘူး။ ဒါနဲ့ ကားဂိုထောင်ထဲရှာကြည့်တော့ အစက မတွေ့ဘူး။ ပြီးမှ ကားထဲဝင်ပြီး ဖုန်းခိုးပြောနေတယ်။ ဒါနဲ့ ကျွန်မလည်း ဘယ်သူလဲ ဘာလဲဆိုပြီး ကားမှန်ကို ရိုက်ခွဲပစ်မယ်ဆိုမှ နာမည်ပြောတယ်။ ကောင်မလေးတစ်ယောက် အသက် ၂၀ ကျော်လေးပေါ့။ အဲ့ကျတော့ မိန်းမကို ဝန်ခံပြီလေ။ အဲ့ကျတော့ ကျွန်မလည်း သူ့အဖေဆီဖုန်းဆက် တိုင်တာပေါ့

ကျွန်မ အဲ့မှာ ထမင်းလုံးဝ မစားနိုင်တော့ဘူး။ နွားနို့လောက်ပဲသောက်နိုင်တော့တယ်။ အားလည်း မရှိတော့ဘူး။ ကျွန်မ စိတ်ကတော်တော်မာပါတယ်။ ဒါပေမဲ့ အဲ့တစ်ခါတော့ ဂျုံးဂျုံးကျပေါ့နော်။ ဒါပေမဲ့ ခဏပါပဲ။ အဲ့တာနဲ့ ကျွန်မတို့ ထပ်ရန်ဖြစ်တယ်။ ကျွန်မ သူ့ဖုန်းကိုတောင်းတယ် လုံးဝမပေးဘူး။ ကျွန်မသူ့ညီမဆီ လှမ်းတိုင်မ ပေးတယ်။ ယူကြည့်တော့လည်း ဘာမမရှိဘူး။ အဲ့တာနဲ့ စိတ်တိုပြီးခွဲပစ်လိုက်တယ်။ ခွဲရုံတင် မဟုတ်ဘူး ရေထဲပါ နှစ်ချပစ်တာ။ ပြီးတော့ ကျွန်မမွေးစားသမီး Zing ကို လုပ်ခိုင်းကြည့်တော့မှ ဓာတ်ပုံတွေ ဓာတ်ပုံတွေ အများကြီးပဲ။

စိုးမြတ်နန္ဒာ ဖြစ်နေတယ်။ အဲ့အချိန်မှာ သူအိပ်နေတာ ကျွန်မနှိုးပြီး စိတ်ဆိုးတာ စိတ်ဆိုးတာ ဆိုတာလေ။ ဟို ကောင်မလေး အသက်နှစ်ဆယ်လို့သိတုန်းက သူတို့နှစ်ယောက်ကို ပေးစားထားပြီးသား။ ကျွန်မလည်း မမိုး( ကိုစိုးသူညီမ၏ သူငယ်ချင်း အရင်း) ကိုခေါ် အမေ့ကိုခေါ် အော်ဟစ်သောင်းကျန်းတာ။ အဲ အဲ့ကျ သူကလေ မဟုတ်ပါဘူး မဟုတ်ပါဘူးကြည့် ငြင်းတာ။ အဲ့တာနဲ့ နည်းနည်းကြာပြီး စိတ်လည်းနည်းနည်းပြေ ညှိယူကြတာပေါ့ လို့အမပြောတယ်။ သူက မြန်မာပြည်ပြန်ရမယ် မြန်မာပြည်ပြန်ရမယ် ချည်းပဲပြောနေတယ်။ အဲ့ကြားထဲ ကျွန်မသူ့နဲ့အတူတူ shopping mall တွေသွား family time တွေ လုပ်ပေးတယ်။ ဒါပေမဲ့လေ သူကအရင်တုန်းကလို မဟုတ်ဘူး။ အမပြီး ညီမ ဆိုပြီး သူကအဲ့လိုမျိုးကြီးဖြစ်သွားတယ်။ ကျွန်မသူ့ကို ခင်ပွန်းတစ်ယောက်အနေနဲ့ ကလေးရဲ့ဖခင်တစ်ယောက်အနေနဲ့ respect ထားတယ်။ ဒါပေမဲ့ "အမပြီး ညီမ" လို့ သိလိုက်ရတဲ့ အချိန်မှာ သူ့အပေါ် အဲ့လိုမမြင်တော့ဘူး။ ကျွန်မသူ့ကိုမြင်မိတာက ရှိသမျှ မိန်းမတွေကို တဏှာစိတ်နဲ့လိုက်ကြည့်နေတဲ့ လူကြီးတစ်ယောက်လို့ ကျွန်မမြင်သွားတယ်။ အရမ်း စက်ဆုပ်ရွံရှာသွားတယ်။

ဒီလိုနဲ့ ကျွန်မအဲ့ကောင်မလေး( စိုးမြတ်နန္ဒာ) ကို စကားပြောဖို့ ကြိုးစားတယ်။ လက်မခံဘူး။ ဒါနဲ့ အကောင့်တုတစ်ခုနဲ့ ကျွန်မကမှ မယားငယ်တဲ့။ ဟင် ဟုတ်လားပေါ့ ဘာလို့ကျွန်မက မယားငယ်ဖြစ်ရတာလဲပေါ့။ ကိုစိုးသူနဲ့ သူအမလက်ထပ်ထားတဲ့ စာချုပ်ရှိတယ်ဆိုပြီး ပြောတယ်။ အဲ့တာနဲ့ နောက်ရက်ကျ ကိုစိုးသူကိုမေးတယ် " အဲ့ဒီ မိန်းမကပြောတယ် ရှင်သူ့အမနဲ့ လက်ထပ်ခဲ့တာဆို" ဆိုတော့ သူက "ဟုတ်တယ်" တဲ့ ကျွန်မက သူ့ကို လူပျိုအောက်မေ့လို့ယူခဲ့တာ သူက တစ်ခုလပ်ကြီးဖြစ်နေတယ်။ နောက်ပြောစရာတွေကို နောက်နေ့မ ထပ်ပြောပြပါမယ်နော်" ဆိုပြီး ပြောထားတဲ့ vedio file ဟာ ယခု online မှာ အတော်ကိုပြန်နှံ့ပြီး ပရိသတ်တွေကြား အတော်ကို ရေပန်းစားနေပါတယ်။

Source: Kha Nge

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။