ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ယခုဆိုရင် ဖွေးဖွေးရူတင်ရောက်မလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ.....

နာမည်နှစ်လုံးနဲ့ အနုပညာရှင်တွေက တော့ အခုလက်တလော တစ်ယောက်ပြီးတစ်ယောက် ပြဿနာတွေတက်နေကြပါတယ်။ ယခုလဲ သရုပ်ဆောင်ဖွေးဖွေးနှင့် ဒါရိုက်တာစင်ရော်မောင်မောင်တို့ကြားမှာ အခြေအနေတင်းမာလျက်ရှိပါတယ်။

ဖွေးဖွေးက ကြော်ငြာရိုက်ရန်နှင့် ဖဲကြိုးဖြတ်ရန် ရိုက်ကူးရေးကို ရောက်မလာသေးလို့ ဒါရိုက်တာစင်ရော်မောင်မောင်က သူရဲ့ ဖေ့ဘွတ်အကောင့်မှာ ပို့စ် တင်ပြီးသတိပေးခဲ့ပါတယ်။

ပို့စ်ထဲတွင် 'အကယ်၍များ သရုပ်ဆောင်ဖွေးဖွေး မရောက်ရှိလာပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ဖွေးဖွေးနေရာတွင် အစားထိုး ၇ိုက်ကူးသွားမည်ဖြစ်ပါကြောင်း ချစ်စွာသော ပရိတ်သတ်များအား အသိပေးအပ်ပါသည်။' ဟုရေးထားတဲ့အတိုင်းဆောင်ရွက်တော့မည့်ပုံပေါ်ပါတယ်။

အဘယ့်ကြောင့်ဆိုသော် ယခုနောက်ဆုံးတက်လာတဲ့ ပို့စ် တွင် စင်ရော်မောင်မောင်က 'ချစ်ပရိတ်သတ်များခင်ဗျား-

ညနေ ၂နာရီခွဲ တိတိတွင် ဖဲကြိုးဖြတ်ရန် ဗန်းကိုင်ဖို့ ရောက်ရှိလာသည့် သရုပ်ဆောင် ၀ါဆိုမိုးဦး၊ သန္တာဗို တို့အား အကူအညီတောင်း၍ ကြော်ငြာအား ဆက်လက်ရိုက်ကူးမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

စင်ရော်မောင်မောင်' ယခုလိုပြောကြားထားတဲ့ အတွက်ကြောင့်ပါ။

ဖွေးဖွေးဘက်က တော့ ဘာမှ ပြန်၍ မတုန့်ပြန်သေးပါဘူး။

ဖွေးဖွေးနဲ့ ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ ပြဿနာကို အသေးစိတ်သိချင်ရင် ဒီလင့်ကိုနိုပ်ပါ။

http://www.myanmarload.com/news/185

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။