မြန်မာ့လက်ရွေးစင်အသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အသင်းသည် ၂ဝ၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဆီမီး ဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ယှဉ်ပြိုင်ရန် ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ ထွက်ခွာသွားသည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်/ နည်းပြအဖွဲ့ဝင် ၁ဝ ဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားပြီး ထိုင်းအသင်းနှင့် မြန်မာအသင်းတို့၏ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဒီဇင်ဘာ ၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ကွင်း၌ ကျင်းပမည်ဖြစ် သည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ဒီဇင်ဘာ ၄ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား သည့် ပထမအကျော့ပွဲတွင် နှစ်ဂိုး-ဂိုးမရှိ ဖြင့်ရှုံးနိမ့်ခဲ့ရာ ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အခွင့်အရေးနည်းပါးသွားခဲ့ပြီ ဖြစ်သော် လည်း အဝေးကွင်းတွင် နိုင်ပွဲရယူနိုင်ပါက မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ မြန်မာ အသင်းသည် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ နှစ်ကြိမ်သာ တက်ရောက်ဖူးပြီး ယခုအကြိမ်တွင် လက်ရှိချန်ပီယံထိုင်းအသင်းနှင့် တွေ့ဆုံ ခဲ့သောကြောင့် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ''ပထမအကျော့က လိုအပ် ချက်တွေ၊ အားနည်းချက်တွေကို ပြန်ပြင်ဆင်ပြီး ဒုတိယအကျော့မှာ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ ပထမ အကျော့မှာ ထိုင်းတိုက်စစ်ကို ထိန်းချုပ် နိုင်မှုမရှိခဲ့ဘဲ ကွင်းလယ်က ဟာကွက် တွေရှိပါတယ်။ အိမ်ကွင်း မှာ နှစ်ဂိုးပြတ် ရှုံးခဲ့ပေမယ့် ကျွန်တော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်။ ကျွန်တော်တို့ အကောင်း ဆုံးကြိုးစားသွားမှာပါ'' ဟု ပြောကြား ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ ဦးသန်းတိုးအောင်၊ နည်းပြ ချုပ် ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြ ဦးကြည်လွင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကြံ့ခိုင်ရေးနည်းပြ မီရိုဆလပ်၊ အသင်းအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ ကစားသမားများ အဖြစ် ရန်အောင်ကျော်၊ ကျော်ဇင်ဖြိုး၊ရန်အောင်လင်း၊ ပြည့်ဖြိုးအောင်၊ ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ကောင်းဆက်နိုင်၊ အောင်သူ၊ မျိုးကိုထွန်း၊

ကျော်ဇင်လွင်၊ ဖြိုးကိုကိုသိန်း၊ မောင်မောင်လွင်၊ ရဲကိုဦး၊ ဝင်းနိုင်စိုး၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ဟိန်းသီဟဇော်၊ ဆက်ဖြိုးဝေ၊ ဆောင်လမန်၊ သန်းပိုင်၊ ဝင်းမင်းထွဋ်နှင့် ဇင်ဖြိုးအောင်တို့ လိုက်ပါ သွားသည်။

Credit - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။