နာမည်ကျော် စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsungရဲ့ Galaxy S9 နဲ့ S9+ ရဲ့ ဓါတ်ပုံများပေါက်ကြားထွက်ပေါ် လာပြန်ပါတယ်။ အဲဒီစမတ်ဖုန်းဟာယခင်နှစ်ထုတ် S8 နဲ့ S8+ တို့ရဲ့ ဒီဇိုင်းများနဲ့ တူညီပါတယ်။ ဒါပေမယ့် မော်ဒယ်အသစ်များမှာမျက်နှာပြင် ဘေးဘောင်များဟာပိုမိုပါးလွှာလာပါတယ်။ လာမယ့်လ ၂၅ ရက်နေ့ ဘာစီလိုနာမြို့တွင် Galaxy S9 နဲ့ S9+ စမတ်ဖုန်းများကိုမိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။ ဖိတ်စာမှာ 9 စာလုံး၊ The Camera နဲ့ Reimagined ဆိုတဲ့ စာသားများကိုရေးသားထားတဲ့ အတွက် ကင်မရာများကိုပြောင်းလဲထားမှာ ဖြစ်ပါတယ်။

S9 ရဲ့အနောက်ဘက်မှာကင်မရာတစ်လုံးနဲ့ S9+ ရဲ့အနောက်ဘက်မှာ ကင်မရာနှစ်လုံးပါမယ်လို့သတင်းထွက်နေပါတယ်။S9 ရဲ့ အနောက်ဘက် မှာ OIS ပါတဲ့ 12MP Camera ၁ လုံးနဲ့ S9+ ရဲ့ အနောက်ဘက်မှာ 12+12MP Camera ၂ လုံးပါလာနိုင်ပါတယ်။ ရှေ့ကင်မရာမှာတော့ ဖုန်း၂လုံးလုံးမှာ 8-Megapixel Selfieကင်မရာတွေကိုသုံးထားပြီး Autofocus နဲ့မျက်ဝန်းဖတ် Iris Recognition စနစ်တွေပါဝင်မှာဖြစ်ပါ တယ်။ အနှေးဗီဒီယိုများရိုက်ကူးတဲ့ ဖရိမ်နှုန်းဟာ S9 မှာ မြင့်မားလာပြီး Full HD အရည်အသွေးဖြင့် 480fps အထိထောက်ပံ့လာမှာ ဖြစ်ပါတယ်။

Galaxy S9 မှာ ၅.၇၇ လက်မမျက်နှာပြင်နဲ့ S9+ မှာ ၆.၂၂ လက်မ မျက်နှာပြင်များတပ်ဆင်ထားမှာပါ။ 4GB RAM နဲ့ 6GB RAM များ အသီးသီးထည့်ပေးထားမှာပါ။ ဘက်ထရီအပိုင်းမှာ 3000mAh နဲ့ 3500mAh များအသီးသီးထည့်သွင်းထားမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ ကြိုးမဲ့အားသွင်းနည်းပညာများဟာလည်းတိုးတက်လာမယ်လို့မျှော်လင့်ရပါတယ်။မိတ်ဆက်ပွဲအပြီးနောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှာ ကြိ်ုတင်မှာယူခွင့်ပြုပြီးမတ်လ ၁၆ ရက်နေ့မှာပို့ဆောင်ပေးနိုင်ပါတယ်။

Source: Mobile Guide Journal (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။